TBWY (S_2) 32

5.5K 407 37
                                    

Part (32) U

"အမှတ်ပြည့်ပဲမလား သားကြီး...."

"ကျက်ထားသမျှတော့ အကုန်ဖြေခဲ့တာပဲကွ...result ထွက်လာမှပဲ အခြေအနေသိရမှာ...."

"ကျိုးချန်များ မေးမနေနဲ့... ဟေ့ကောင်ရေ...သူမှ မဖြေနိုင်ရင် ငါတို့မေဂျာ အောင်စာရင်းတောင် ကပ်စရာမရှိဘူး..."

"အားကျတယ်ကွာ...ကျောင်းပြီးတာနဲ့ အလုပ်ပါ အဆင်သင့်ပဲ...ကံတွေ ကွာတယ်....ကွာတယ်..."

"အချိန်တန် အဖေ့ကုမ္ပဏီ ဝင်မယ့်ကောင်ကများ drama လာခင်းနေတယ် ဟုတ်လား...မသိတဲ့သူပဲ ရွှီးလို့ရမယ်....သားကြီး...."

"နာတယ်ကွ....တကယ်လုပ်ရလား....."

"သွားပြီ သားကြီးရေ...ပေါ်ပေါ်တို့အိမ် သွားမလို့..."

ကျောပိုးအိတ်ကို မလွယ်ပဲ ကြိုးကနေ စုကိုင်ကာ ပြေးထွက်လာသော ကျိုးချန်မှာ ကျောင်းအဝင်ဆိုင်းဘုတ်ရှေ့က မြင်ကွင်းကြောင့် ခြေလှမ်းများ တုံ့ခနဲ။

စာအုပ်ကြီး....
ခရီးသွားနေတာဆို....
ဘယ်အချိန် ပြန်ရောက်လာတာလဲ မသိ....

နောက်လှန်ဖြီးနေကျ ဆံပင်တွေက ဘေးခွဲမကျတကျ ဖွာရာရာမို့ လူငယ်ဆန်နေကာ နေကာမျက်မှန်အောက်က နှာတံစင်းစင်းနှင့်
စိမ်းမြမြ မေးနှစ်ခွတို့က ပိုမိုဆွဲဆောင်မှုရှိ နေသယောင်။

နေရောင်အောက်မှာ ကားကိုမှီကာ ခြေချိတ်ပြီး လက်ပိုက်ရပ်နေပုံက idol တစ်ယောက်လို စတိုင်လ်ကျလှသည်မို့ အားလုံးရဲ့ အာရုံက တစ်နေရာတည်းမှာ စုစည်းနေတာ။
မမြင်ရသော အရှိန်အဝါတစ်မျိုး ရှိနေသလိုလို။

မူပိုင်အပြုံးများနှင့် လက်လှမ်းပြလာသည်ကို အလိုမကျဖြစ်ကာ ကျိုးချန်မျက်နှာလေး တည်တင်းလာပြီး မမြင်ယောင်ပြုကာ ကျော်ထွက်ဖို့ အပြင်....

"​ချာတိတ်...နေဦးလေကွာ...."

"ဘယ်သူလဲ....ချာတိတ်က...."

"ကိုယ့်ရဲ့ချာတိတ်က ဒီမှာလေ..."

"ဘာ....ခင်ဗျား...."

ထွက်သွားဟန်ပြင်နေသည့် ကျောပိုးအိတ်ကြိုးကို လှမ်းဆွဲကာမှ ရှုတည်တည် မေးလာပုံက အူယားစရာမို့ ဟိုက်ခွမ်း ပြုံးမိစဥ်....

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now