Part (13) U
"ဖြည်းဖြည်းဆင်းပါ ချစ်ရာ...ခလုတ်တိုက်တော့မှာပဲ...."
"ငယ်လေးက အစောပြန်လာဖို့မှာထားတာ....ဘာဖြစ်လို့လဲမှ မသိတာ...."
"အခု ရောက်နေပြီပဲ...အဲ့အဆိုးလေးကို ကြပ်ကြပ်အလိုလိုက်...ကလေးနှစ်ယောက်ရနေပြီ ချွဲကောင်းတုန်း...."
နှာခေါင်းလေးရှုံ့ကာ ကန်စွန်းဥဘူးကြီးမပြီး ဆင်းသွားတာမို့ ရိဖန်ကားသိမ်းပြီးမှ လိုက်ဝင်ခဲ့တော့ တစ်အိမ်လုံး မှောင်နေလေသည်။
ငယ်လေးက ဘာစိတ်ကူးပေါက်တယ် မသိ။ စောစောပြန်လာပါဟု အလောတကြီး ဖုန်းဆက်လာသည်မို့ နှစ်ယောက်သား အလုပ်တွေ လတ်စသတ်ကာ ကပျာကယာ ပြန်လာရတာ။
အစားပုတ် အဆိုးလေးက ကန်စွန်းဥမီးဖုတ်စားချင်တယ် မှာသေးတာကြောင့်
ဝင်ဝယ်ရသေးတာ။အိမ်ရှေ့မှာ အကိုရှောင်းကားလည်း ရှိပါရက်နဲ့ တစ်အိမ်လုံးတိတ်ဆိတ်နေတာကြီးက ထူးဆန်းမနေဘူးလား။
"မီးပျက်နေတာလည်း မဟုတ်ဘူးနော်....ကို..."
လမ်းမီးတိုင်ကို လှမ်းကြည့်ရင်း မျက်မှောင်လေးတွန့်ကာ ပြောလာတာမို့ ရိဖန်တံခါးကို အသာတွန်းအဖွင့် ချက်ချမထားသော တံခါးက အလွယ်တကူပင် ပွင့်သွားလေသည်။
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အိမ်ထဲလှမ်းအဝင်.....
"ဖောင်း......"
တစ်အိမ်လုံး မီးတွေလင်းသွားကာ ဖောင်းခနဲ မြည်သံနှင့်အတူ ရွှေမှုံအမျှင်လေးများ ဖွာခနဲလွင့်ကာ တစ်ခန်းလုံး ရွှေရောင်လွှမ်းသွားရသည်။
အမွှာလေးနှစ်ယောက်ကတော့ တခစ်ခစ်နှင့်ရွှေမှုံလေးတွေ လိုက်ဖမ်းပြီး သဘောတွေ ကျနေတာ။
အမွှာလေးတွေကို ချီထားသော လင်းယန်ကလည်း ပြုံးစိစိနှင့်မျက်နှာပိုးမသေ။
ငယ်လေးက ပါးမို့လေးတွေ ရဲနေကာ ယောက်ဖတော်ကတော့ ယုန်သွားကြီးကြီးတွေ အကုန်ပေါ်အောင်ပြုံးဖြီးနေသည်မို့ ပူပန်နေသောစိတ်က အတော်အတန်လျော့ပါးရသည်။
"ကန်စွန်းဥပါလား...ကိုကြီးလု..."
"ပါပါ့ဗျား...ဘာများဖြစ်လဲလို့ စိတ်ထင့်သွားတာ...."
VOCÊ ESTÁ LENDO
To Be With You_Season (2) Completed [ Z&U ]
FanficZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...