Part (33) U
နဖူးပြင်ထက်မှာ နွေးခနဲ ခံစားလိုက်ရသော်လည်း မျက်လုံးက ဘယ်လိုမှမဖွင့်ချင်တာမို့ တစ်ဖက်ကိုပြန်စောင်းမည်ပြင်ဆဲ နှုတ်ခမ်းများဆီက နွေးရှစိုစွတ်မှုက သိပ်သည်းစွာ။
"အိပ်ပုပ်လေး....."
"မထဘူးနော်...လာမနှိုးနဲ့..."
"မနက်စာ စားရမယ်လေ ငယ်ရဲ့...အဲ့ဒါမှ ကျန်းမာရေးအတွက်ကောင်းမှာ...."
"ဘာကျန်းမာရေးလဲ...အိပ်ရေးမဝတာ ဘယ်သူ့ကြောင့်လဲ....အပြောတစ်မျိုး အလုပ်တစ်မျိုးနဲ့..."
ဆံပင်ဝါဝါလေးတွေ ဖွာရာကျဲလျက် နှုတ်ခမ်းတထော်ထော် ရန်စွာရင်း ရင်ဘတ်ဆီထုနေသည့် လက်သီးဆုပ်လေးတွေကို ဖမ်းချုပ်ရင်း ရင်ခွင်ထဲ ဆွဲသွင်းတော့မှ မရုန်းနိုင်တော့လို့ ငြိမ်သွားတာ။
"ကိုကို ကြက်ပေါင်းခေါက်ဆွဲ လုပ်ထားတယ်...ပူပူနွေးနွေးလေး စားရအောင်...နော် ငယ်...."
"မထချင်ပါဘူးဆို..."
ဆံပင်လေးတွေ သပ်တင်ပေးရင်း ပြောမိတော့ မျက်မှောင်လေးတွန့်ရင်း မျက်လုံးမဖွင့်ပဲ ပြောလာကာ ခေါင်းအုံးပေါ် မှောက်အိပ်နေပြန်သည့် ဝက်ပေါက်လေး။
ပုခက်ထဲမှ အသံပိစိလေးတွေ ကြားနေရတာကြောင့် အသာထကြည့်မိတော့ ခြေကားယား လက်ကားယားနှင့် သမီးငယ်လေး။
မျက်လုံးလေးပြူးကာ ရယ်ပြနေတာမို့ အကြံရပြီး ပါးပါးအနားချပေးလိုက်တော့ ပါးစပ်လေးပြင်ကာ အင်္ကျီကိုဆွဲဖယ်နေသည့် သမီးငယ်ကြောင့် မထချင်ထချင်ထလာရသည့် ပါးပါးက စူပွစူပွနှင့်ရယ်။
"ပါးပါးရား...ချိုချို....."
"ပါးပါးချိုချို...."
YOU ARE READING
To Be With You_Season (2) Completed [ Z&U ]
FanfictionZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...