TBWY (S_2) 40 🎭

5K 394 25
                                    

Part (40) U

"ဂါလစ်ဗာကို အရမ်းကျေးဇူးတင်နေကြတဲ့ ဘုရင်ကြီးနဲ့ တိုင်းသူပြည်သားတွေက အိမ်အပြန်ခရီးအတွက် လှေအကြီးကြီးတစ်ခု ဆောက်ပေးခဲ့ကြတယ်...ခိုင်ခံ့ကြီးမားတဲ့ လှေကြီးဟာ သူ့တစ်ကိုယ်စာအတွက် တကယ် လုံလောက်ခဲ့တယ်...လှေထဲမှာ ရေနဲ့စားစရာတွေ အသီးအနှံတွေပါ ထည့်ပေးခဲ့ကြသတဲ့..."

"အိမ်ပြန်ရောက်သွားတော့ ဂါလစ်ဗာက သူ့မိသားစုကို ပွေ့ဖက်ပြီး နှုတ်ဆက်ခဲ့တယ်...မေမေနဲ့ သားသမီးတွေကလည်း သူတို့ဖေဖေ ပြန်လာလို့ အရမ်းပျော်နေခဲ့ကြပြီး တစ်သက်လုံး မခွဲတော့ပဲ မိသားစုလေးဟာ ပျော်ပျော်ရွှင်ရွှင် နေသွားကြသတဲ့..."

"ပုံပြင်ပြီးပြီ

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image.

"ပုံပြင်ပြီးပြီ...အိပ်ရမယ် သားသားတို့..."

ကိုကိုက ပုံပြင်စာအုပ်အပိတ် ငြိမ်နေသော အမွှာတို့ကို ရိပေါ် လှမ်းပြောတော့ အလည်လေး လီလီရဲ့ မေးခွန်းတွေလာပြီ။

"ဒါချို..ရီရီရို့ရဲ ဂါရစ်ဗာလား ဒီဒီ..."

"ဘာလို့လဲ ခြင်္သေ့ပေါက်လေးရ..."

မျက်လုံးပြူးလေးတွေနဲ့ မပီကလာ မေးလာတာကြောင့် ပါးလေးကို ဆွဲညှစ်ရင်း ပြန်မေးတော့ အခန်းထောင့်က ရေခဲသေတ္တာကို လှမ်းကြည့်ကာ...

"ရီရီရို့မှာရဲ ရေရော အတီးရော မုန်မုန့်တေရော ရှိရယ်လေ..."

"အာ့ချို ပါးပါး ထည့်ထားတာ ပါးပါးက ဂါရစ်ဗာရား..."

အသီးတွေစိတ်ကာ မုန့်တွေပြင်ကာ ထည့်နေတာကို မြင်နေကြမို့ ဝင်မေးလာသည့် ဘန်ဘန်လေး။

"ကဲ...ဒက်ဒီရော ပါးပါးရော ဂါလစ်ဗာ..ဘန်ဘန်ရယ် လီလီရယ်က ဂါလစ်ဗာ သေးသေးလေးတွေ...ဟုတ်ပြီလား...အတတ်လေးတွေ အိပ်ချိန်ရောက်ပြီနော်..."

To Be With You_Season (2) Completed [ Z&U ] Où les histoires vivent. Découvrez maintenant