TBWY(S_2) 22

5.6K 454 31
                                    

Part (22) U

"လင်းယန် ကျောင်းသွားပြီ ကိုကြီးရဲ့...စိတ်ချပါ....ကိုကြီးစုန့်ကိုယ်တိုင် လိုက်အပ်ပေးထားတာ..."

"စာလည်းလုပ်ခိုင်းပြီး ပိတ်ရက် အပြင်သင်တန်းတက်ဖို့ အချိန်ရရင်တက်ခိုင်းမလို့...ငယ်လေး မွေးပြီးမှပဲ တက်ခိုင်းတော့မယ်..."

"ရပါတယ် ကိုကြီးကလည်း...ဒေါ်လေးရီတို့လည်း ရှိနေတာပဲ...ငယ်လေး အဆင်ပြေပါတယ်..."

"အစားရော စားနိုင်ရဲ့လား...မောတာတွေဘာတွေ ရှိလား...အမွှာတို့ကို မချီနဲ့တော့နော်..."

"စားပါ့ ရိဖန်ရေ...လုံးကစ်နေတာ ဝက်ပေါက်လေး ဖြစ်နေပြီ..."

ကိုကိုက ဆေးရုံသွားဖို့ပြင်ရင်း ဝင်ပြောသွားတာမို့ ကိုကြီးက ယောက်ဖဖြစ်သုကိုပါ နှုတ်ဆက်နေတာ။

"အကိုရှောင်းရော ပင်ပန်းနေပြီလား...ကျောင်းသားပြန်ဖြစ်နေတော့ ပျော်တော့ ပျော်စရာကြီးနေမှာ..."

"အတွေ့အကြုံသစ်တစ်ခုပေါ့ကွာ...ကျောင်းတုန်းက ဘော်ဒါတွေ ဂျူနီယာတွေလည်း ပြန်ဆုံတော့ တစ်မျိုးတော့ ပျော်စရာပေါ့..."

ပျော်စရာတဲ့လား...ကိုကို...
ငယ်က ကိုကို့အကြောင်း ဘာမှမသိခဲ့ရပဲ သားတို့ပါးပါး ​​ဖြစ်ခဲ့ရတာ...
ငယ် မသိတဲ့ အခြားတစ်ဖက် ကိုကို့မှာ ရင်ခုန်စရာတွေ ရှိခဲ့မှာပဲနော်...

ကလေးတွေနှင့်ကူဆော့ပေးနေတုန်း v ​call ခေါ်လာသဖြင့် အမွှာတွေနှင့်လုပြောနေရတာ။

"ဘန်ဘန်...လီလီ...ဟန်လေးကိုရော လွမ်းဘူးလား...."

"ဟန်ရေး...ရွမ်းရယ်...."

"မေးကာမှ တန်းလွမ်းပြတာ...အချွဲလေးတွေနော်...."

"ဟုတ်ဝူးရော်...တယ်ကယ်ရွမ်းတာ...."

"ဟုတ်ရယ်....ရွမ်းနေရာ..."

"အား...ဝက်ပေါက်လေးတွေ နှစ်ကောင်လုံး ကိုက်ပစ်ချင်လာပြီနော်...ပါးပါးရော..."

"ငယ် ရှိတယ်...ကိုကြီးလု...အမွှာတို့ လုပြောနေလို့ ဘေးရောက်နေတဲ့ ဘဝပါ..."

"အဲ့အချွဲတုံးလေးတွေဖို့ စတော်ဘယ်ရီနဲ့ ငယ့်ဖို့ ပန်းသီးရယ် ကီဝီသီးရယ် တစ်ခြင်းစီ ထည့်ပေးလိုက်တယ်...ကားဂိတ်သွားစရာမလိုဘူးနော်...deli တစ်ခါတည်း အပ်ထားပေးတာ...ဖုန်းဆက်မှ ထွက်ယူရုံပဲ...."

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now