Part (19) U
"ကိုကို....."
"........"
"ကိုကိုး...."
မေးကြောများထင်းနေကာ ပြူတင်းတံခါးဆီမှ အကြည့်လွှဲမလာတာကြောင့် ပြူတင်းဘောင်ပေါ်မှ ရှည်သွယ်သွယ်လက်များဆီ အုပ်ကိုင်မိတော့ လက်ပိုက်လိုက်သော ကိုကို။
ကျောပြင်ကျယ်ကြီးဆီ မျက်နှာအပ်ရင်း ခါးကိုသိမ်းဖက်ရင်း မျက်ဝန်းအစုံမှ စိမ့်အိုင်လာခဲ့ပြီ။
"အင့်....ကိုကို...."
ပြူတင်းပေါက်ကိုကြည့်နေပေမယ့် တကယ်တမ်း မြင်နေရတာက ပြူတင်းတံခါးမှန်ပေါ်မှ အရိပ်လုံးလုံးလေးကိုသာ။
အသံတိုးတိုးလေးနှင့် တွန့်ဆုတ်တွန့်တုတ်လာတာ မြင်နေရသော်လည်း အဆိုးလေးက မှတ်လောက်မှဖြစ်မည်မို့
ပြူတင်းပေါင်ကို တင်းတင်းဆုပ်ရင်း သက်ပြင်းခိုးချရလေသည်။အုပ်ကိုင်လာသော လက်သေးသေးလေးကို ပြန်တွဲမိမှာစိုး၍ တင်းတင်းပိုက်ထားမိစဥ်....
မှီလာသော ကိုယ်နွေးနွေးလေးနှင့်အတူ ကျောပြင်ဆီမှ စိုစွတ်လာတာမို့ နှလုံးသားစေစားမှုကို မလွန်ဆန်နိုင်ပြီ။
"အရမ်းမငိုနဲ့လေ ငယ်ရယ်...ခေါင်းကိုက်လိမ့်မယ်..."
"ကိုကိုက...အင့်....ကိုကိုက...ငယ့်ကို စိတ်ဆိုးနေတာကို...."
ရှိုက်ရင်း ရင်ဘတ်ကို ထုနေသော လက်သီးဆုပ်လေးတွေကိုလည်း ရှောင်ရသေးတာ။
မျက်လုံးအောက်ဖက်ဆီ လက်မဖြင့်အသာဖိသုတ်ပေးရင်း ဆူနေတာလား ချော့နေရတာလားပင် မသဲကွဲတော့။
"စိတ်ဆိုးတာမဟုတ်ဘူး...စကားနားမထောင်လို့ စိတ်မကောင်းတာ....အဆိုးလေးရဲ့...."
"တွေ့လား...ငယ့်ကို အလိုမလိုက်ချင်တော့ဘူးမလား..."
"အစပ်တွေမစားပါနဲ့...စားချင်ရင် ကိုကိုကိုယ်တိုင်အစပ်လျှော့ပြီး စားလို့ရအောင် ချက်ပေးမယ် ပြောထားတာ....မှတ်မိလား...ပြော...."
"......."
"ကိုကိုကမှ မအားတာ....ပြီးတော့ အရမ်းစားချင်လာလို့...."
YOU ARE READING
To Be With You_Season (2) Completed [ Z&U ]
FanfictionZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...