TBWY (S_2) 30 ❤💚 BD Nge

5.8K 437 7
                                    

Part (30) U

"နောက်ကျနေမယ် ကိုရဲ့..."

"မှီပါတယ် ချစ်ရယ်...ကိုယ် သေချာပြောထားပါတယ်..."

မနက်တည်းက တကျိတ်ကျိတ်နှင့် ကိုကြီးတို့အတွဲ။ ခဏနေတော့ ခေါင်းချင်းပူးကာ ဘာတွေ သဘောကျသည်မသိ။ ပြုံးစိစိ ဖြစ်နေကြပြန်သည်။

"ငယ်လေး...အကိုရှောင်း ရောက်တော့မယ် တဲ့...ကိုကြီးတို့ ပြန်နှင့်လိုက်မယ်နော်...ဖြစ်ရဲ့လား...."

"ဖြစ်ပါတယ် ကိုကြီးရဲ့....မီးလေးလည်းအိပ်နေပြီပဲ...သွားစရာရှိတာသွားပါ..."

ခပ်သွက်သွက် ထွက်သွားကြသော ကိုကြီးတို့က ကျောင်းက သူငယ်ချင်းနှင့်ချိန်းထားတာမို့ ကိုကိုအလာကိုပင် မစောင့်တော့တာ။

သမီးလေး ရက်သားရပြီမို့ ရိပေါ်လေး အိမ်ပြန်ချင်လှပြီ။ အစိုးရိမ်ကြီးသော ကိုကိုက ဆေးရုံမှာပိုစိတ်ချရတယ်ဆိုလို့သာ နေနေရတာ။

Due date ထက် စောမွေးလို့ ကိုယ်ကသာ စိုးရိမ်နေမိပေမယ့် မင်းသမီးလေးကတော့ နို့စို့လိုက် ပြန်အိပ်လိုက်နှင့် တုတ်တုတ်တစ်တစ်လေး ဖြစ်လာကာ ငိုတာဂျီကျတာမျိုး မရှိတာမို့ အိပ်ရေးပျက်တာတွေဘာတွေ မရှိ။

နို့ကတော့ အသားကုန်စို့ကာ ရိပေါ်ရင်ခွင်ကိုမှတ်မိနေပြီး ရင်ခွင်ထဲရောက်တာနှင့် ပါးစပ်ပြင်ပြီးသား။

တစ်နေ့တစ်နေ့ သမီးငယ်လေးကို နို့တိုက်လိုက် ချော့သိပ်လိုက် အိပ်လိုက်စားလိုက်နှင့် ဆေးရုံပန်းခြံထဲ ခဏတဖြုတ်သာ ဆင်းဖြစ်တာမို့ ပါးပါးမှာ နေလေမထိပဲ ဖြူဥလုံးကစ်နေပြီ။

သမီးငယ်နီတာရဲလေးက ရင်ခွင်ထဲမှာ နှုတ်ခမ်းလေးထော်ကာ တပြွတ်ပြွတ်နှင့် မျက်လုံးဝိုင်းလေးတွေက မော့ကြည့်နေပုံက သိနားလည်နေသည့်အလား။

ခေါင်းလေးကနေ သိမ်းပွေ့ချီထားရင်း လုံးတုံးလေးကို ဖွဖွပုတ်ပေးပြီး တစိမ့်စိမ့်ကြည့်ကာ ကြည်နူးရသည်က မိဘမေတ္တာပင် ဖြစ်လိမ့်မည်။

"ပါးပါး..."

ခေါ်သံနှင့်အတူ ဝင်လာတာက အမွှာနှစ်ယောက်။ ချောကလက် ရေခဲမုန့်ကိုယ်စီနှင့်။ ပါးစပ်လေး​တွေလည်း ပေနေသေးကာ ရေခဲမုန့်လက်ကမချပဲ ဆိုဖာပေါ် ကုပ်တက်ရန် ပြင်နေကြတာ။

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now