TBWY (S_2) 43 🎭

4.4K 372 25
                                    

Part (43) U

"ဆေးရုံမှာ ဌာနတွေ ထပ်တိုးလိုက်တော့ အလုပ်တော့ နည်းနည်းများလာတာပေါ့ကွာ...ကိုယ့်ဝါသနာဆိုတော့ ပင်ပန်းတယ်လည်း မထင်ပါဘူး..."

"စီနီယာယွီက ကောင်းကောင်းလုပ်နိုင်တဲ့သူပဲ...အဆင်ပြေမှာပါ...ဦးငယ်ကတောင် ပြောနေတယ်...စီနီယာက ပိုတော်လာတယ်တဲ့...ကျောင်းတုန်းက တလွဲတွေ လုပ်တတ်သလောက် ခု ရင့်ကျက်လာပြီတဲ..."

"ဆရာက တကယ်ပဲ အဲ့လိုပြောတာလား...မျက်နှာတည်ကြီးနဲ့လေ..."

မနေတတ်စွာ လည်ပင်းကိုပွတ်ရင်း မေးမိတော့ ခပ်ဟဟရယ်သံနှင့်အတူ ပြန်ဖြေလာသော ကျိလိ။

"ဦးငယ်အကြောင်းလည်း သိရက်သားနဲ့...စိတ်ထဲရှိသလို ထုတ်မှမပြတတ်တာ..."

"ဟုတ်သား...ဒါနဲ့ မင်းရော အဆင်ပြေရဲ့လား...ကျောင်းဆက်တက်မလို့ဆို..."

"ပြေပါတယ်...ပြေအောင် ကြိုးစားရတာပေါ့...စီနီယာ...ကျောင်းကတော့ စုံစမ်းတုန်းပါပဲ...session ယူပြီးမှ အေးဆေးဆက်လုပ်ချင်လို့လေ...ဒါနဲ့ Sean အဲ စီနီယာရှောင်းကျန့််တို့ရော အဆင်ပြေလား...အငယ်ဆုံးလေးတောင် မတ်တပ်စမ်းလောက်ပြီနော်..."

တရုတ်က ထွက်သွားပြီးတည်းက စိတ်ရောဂါအထူးကုနှင့် နှစ်သိမ့်ဆွေးနွေးကုသနေသော အကြောင်းကို ဆရာလော့မှတစ်ဆင့် သိပြီးသားမို့ မေးဟန်က တည်ငြိမ်နေပေမယ့် မနှစ်မြို့သလို ခံစားရတာတော့ အမှန်ပဲမို့ တတ်နိုင်သမျှ အစွန်းလွတ်အောင်ဖြေရပေမည်။

"ရှောင်းကျန့်က အလုပ်မှာလည်း တော်တယ်...တိုးချဲ့ဌာနမှာ ရာထူးတိုးပါဖို့ သေချာသလောက်ပဲ... မိသားစုကိုလည်း ဂရုစိုက်တယ်...သူတို့မိသားစုလေး အေးအေးဆေးဆေးပါပဲ...ပြီးတော့...ကျေးဇူးတင်ပါတယ် ကျိလိ..."

"ဘာကိုလဲ...စီနီယာ... စီနီယာရှောင်းကျန့်အနားက ထွက်လာပေးလို့လား..."

"အဲ့ဒါက တစ်ပိုင်းပါ...မဖြစ်နိုင်တာတွေကို မျှော်လင့်ချက်ကြီးကြီးထားရင်း အဆုံးသတ်နာကျင်ရမယ့် အဖြစ်မျိုး မဖြစ်စေချင်လို့...မင်းရဲ့ဆုံးဖြတ်ချက်ကို ကျေးဇူးပါ လို့ ပြောတာ..."

"ကိုယ့်အတွက်မဟုတ်တဲ့ အရာတွေကို လောဘမတက်တတ်တော့တာ ကြာပြီ စီနီယာ...မိုက်ရူးရဲဆန်တဲ့ အတိတ်ကိုလည်း မတမ်းတချင်တော့ဘူး...လက်ရှိနဲ့အနာဂါတ်ကိုပဲ တွေးတော့မယ်...ကျွန်တော်လည်း စီနီယာ့ကို ကျေးဇူးတင်ပါတယ်..."

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now