TBWY (S_2) 48 🎭

4K 339 16
                                    

Part (48) U

"ဆရာလေး...လာတယ်.....ဟေး..."

ကားရပ်လိုက်တာနှင့် အပြေးအလွှား လာကြိုကြသော ကလေးများ။

လက်ထဲက မုန့်ထုပ်တွေ ကူဆွဲသူကဆွဲ ဘေးနားမှာ ငြင်းခုံရင်း လိုက်သူကလိုက်ဖြင့် ဆူညံစည်ကားနေသော ကစားကွင်းလေး။

ပါလာသမျှမုန့်တွေ ဝေပေးကာ အရင်တစ်ပါတ်က သင်ထားသော ကဗျာတွေကို သူ့ထက်ငါ အပြိုင်ရွတ်ပြကြတော့သည်။

"Wow...အရမ်းတော်တော့ ဘာဆုချရင် ကောင်းမလဲ...ရောင်စုံခဲတံလား...ဆရာ သီချင်းဆိုပြရမလား..."

"သီချင်းဆိုပြပါ...."

"ရောင်စုံခဲတံမယူဘူးပေါ့...."

"..........."

ဝေခွဲရခက်ဟန် မျက်လုံးပြူးလေးတွေ
နှင့် ငြိမ်သွားသော ကလေးတစ်သိုက်ကို မူပိုင်အပြုံးလေး ပြုံးပြလိုက်ပြီး တစ်ချက်ဝေ့ကြည့်ကာ....

"ရောင်စုံက အားလုံးအတွက် ပါပြီးသား...ကဲ...အခု သီချင်းဆိုပြမယ်နော်...."

"I believe in angels...
something good in everything I see
I believe in angel...
when I know the time is right for me...
I'll cross the streams...
a song to sing...

"ဖြောင်း...ဖြောင်း...ဖြောင်း...."

လက်ခုပ်တီးကာ ပြုံးနေကြသော ကလေးတွေကို လက်ကာပြလိုက်ရင်း သင်ပုန်းပေါ်မှာ လူပုံနှင့် အပင်ပုံလေးတွေ ဆွဲလိုက်ပြီးမှ...

"ကဲ...လူတွေ အသက်ရှင်ဖို့ ဘာတွေ လိုအပ်သလဲ...."

"အစားအစာ လိုပါတယ်...ဆရာလေး..."

"ဟုတ်ပြီ...လူတွေလိုပဲ အပင်လေးတွေလည်း ရှင်သန်ကြီးထွားဖို့ အစာရေစာ လိုအပ်တယ်...."

"အပင်လေးတွေက ဘာစားတာလဲ...ဆရာ...."

"အကောင်းဆုံး မေးခွန်းပဲ...အပင်လေးတွေရဲ့ အစားအစာက နေရောင်ခြည်နဲ့ရေရယ်လေရယ်ပေါ့..."

"ဒါဆို သားတို့နားမှာ အပင်လေးတွေ လှနေတာ...သူတို့စားစရာ ရှိနေလို့ပေါ့နော်...."

"ဒါပေါ့...အပင်လေးတွေက လှပရုံတင်မကပဲ လူတွေအတွက်အများကြီး အကျိုးပြုပေးတယ်...အဲ့ဒါကြောင့် ပိုပြီးဂရုစိုက်ကြရမယ်...အခုတော့ စမ်းချောင်းလေးဆီ သွားကြရအောင်...."

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now