Part (42) U
"ဟုတ်ကဲ့...ဆက်သွယ်ပေးတာ ကျေးဇူးပါ...နောက်လည်း ကူညီပေးပါဦး..."
ဒက်ဒီ ပို့ထားတဲ့ mail တွေက မနည်းလှ။ ကျန်းမာရေး ဂရုစိုက်ဖို့ကတော့ ဆရာဝန်ပီသစွာ မပါမဖြစ်ပင်။ တစ်ချို့စာတွေကိုတော့ ဆက်မဖတ်ဖြစ်တော့။
ဒက်ဒီ့ကို ပေးထားတဲ့ကတိက ဘယ်အထိ တည်နိုင်မလဲ မသိသေး။
ဆယ့်ရှစ်နှစ်ကျော်လျှင် လူလားမြောက်ပြီဟု သတ်မှတ်ကာ ကိုယ့်လမ်းကိုယ်လျှောက်လေ့ရှိကြသော နိုင်ငံမျိုးမှာတောင် ကိုယ့်ရည်မှန်းချက်ကို ဂရုတစိုက်အပေးကာ အလိုက်တသိ ပျိုးထောင်ပေးခဲ့သော ဒက်ဒီ။
အချိန်တစ်ခုပါပဲ...အဲ့ဒီအချိန်ထိပဲ စောင့်ပေးပါ....ဒက်ဒီ...
ဂျွန် ဖုန်းကို Duty Coat အိတ်ထဲ ထည့်လိုက်ပြီး သက်ပြင်းရှိုက်မိရသည်။
လွယ်လွယ်နှင့် လက်လျှော့လို့တော့ ဘယ်ဖြစ်ပါ့မလဲ။
စပြီးမှတော့ ဆုံးအောင်လျှောက်ရမည်ပင်။နာရီ alarm သံကြောင့် ဟိုငဆိုးလေး ဆေးတိုက်ရမည့် အချိန်မှန်း သတိရကာ ဆေးရုံခေါင်မိုးထပ်ကနေ ဓါတ်လှေကားဆီ ခပ်သွက်သွက်ပြေးရပြီ။
နံပါတ် 3 ကိုနှိပ်ဆင်းကာ စိတ်ကလူထက် မြန်နေသလိုလို။
ခေါင်းကြောမာသော လူဆိုးလေးက ကိုယ့်ကားနှင့်တိုက်မိပြီး ကိုယ်ပဲ လူနာရှင်အနေနဲ့ ဆေးရုံခေါ်ခဲ့ရသည့်အပြင် တာဝန်ခံဆရာဝန်ကလည်း ကိုယ်ပဲမို့ ဂျစ်တစ်တစ် ဆိုးတာကိုလည်း အမြင်မကပ်နိုင်ပြန်သော ကိုယ်ပါ။ဓါတ်လှေကားအပွင့်မှာ သူပြေးထွက်အလာ ဆန့်ကျင်ဘက် ဓါတ်လှေကားထဲဝင်ကာ အပေါ်ဆုံးထပ် တက်သွားသော စုန့်လန်။
မှန်နံရံတွေနှင့်မို့ Duty Coat တလွှားလွှားနှင့် ပြေးထွက်သွားသော ဆရာဝန်လေးက ကျောဘက်ကမြင်ရတာနှင့်ပင် ရင်းနှီးနေသယောင်။
Same batch လား...ဂျူနီယာထဲကများလား...
တွေးရင်းက ဆေးရုံအုပ်ကြီး ရုံးခန်းရှေ့ရောက်လာတာကြောင့် secertary ကောင်မလေးနှင့် စကားအနည်းငယ်ပြောကာ ဝင်တွေ့ဖို့ပြင်နေတာကိုသာ အာရုံစိုက်မိပြီ။
YOU ARE READING
To Be With You_Season (2) Completed [ Z&U ]
FanfictionZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...