TBWY (S_2) 18

5.9K 443 21
                                    

Part (18) U

တွေ့ကြုံဆုံကွဲတဲ့...
လူရယ်လို့ ဖြစ်လာရင် ဆုံစည်း​ခြင်း ခွဲခွာခြင်းတရားတွေကို ရင်ဆိုင်ရမှာပဲ မဟုတ်လား....

ခေတ္တခဏ ခွဲရတာပဲလေ....
နှစ်အပိုင်းအခြားလေး ဆိုပါတော့...

လေးနှစ်သားလေးမှာ ခွဲခဲ့ရသော ညီငယ်လေး။ အဖေဖြစ်သူဆီမှ အတင်းလျှောဆင်းပြီး အမေနှင့်အကိုနောက်သို့ လက်တုတ်တုတ်လေးကမ်းကာ အော်ဟစ်ငိုနေခဲ့သော ကလေးလေး။

အမေဖြစ်သူရဲ့ တင်းတင်းဆွဲထားသော လက်တစ်ဖက်ဆီမှာ ရုန်းမရနိုင်ပဲ မျက်ရည်သာ တွေတွေကျရင်း ဖေဖေ့ကိုရော ငယ်လေးကိုရော ကျောခိုင်းခဲ့ရလေသည်။

ကိုယ်အထက်တန်းရောက်မှ ပြန်တွေ့ရသော ကလေးလေးဟာ ​စိတ်ဒဏ်ရာတစ်ချို့ကြောင့် ဟိုးအရင်ကလောက် မြူးကြွသွက်လက်မှုမျိုး မတွေ့ရတော့ပဲ ခပ်ငြိမ်ငြိမ်လေး နေတတ်လာခဲ့တာ။

ဖုန်းနှင့်သာ အဆက်အသွယ်ရှိကြတာမို့ ဘေဂျင်းမှာ စိုက်ပျိုးရေးတက္ကသိုလ်လာတက်မည်ဆိုတော့ ခုန်ပေါက်ပျော်မြူးနေသောကလေးလေးက ကိုယ့်ထက်ပင် ပျော်နေခဲ့သေးသည်။

ကျောင်းပိတ်ရက်တွေဆိုလျှင် သူ့အဆောင်မှာ လာနေကာ လုဟန်နှင့်မုန့်စားလိုက် game ဆော့လိုက်နှင့် လာဂျီတတ်သော ငယ်လေးက ပါးစုန့်လေးတွေ သွယ်လျကာ လုံးတစ်တစ်ကိုယ်လေးကပါ ကိုယ်ရေစစ်လို့နေခဲ့ပြီ။

အဲ့ဒီတုန်းက ယွင်​လေးနှင့်ချစ်သူဖြစ်နေကြပေမယ့် ကျောင်းဖွင့်ရက်တွေပဲ တွေ့ဖြစ်ကာ ပိတ်ရက်ဆို အချိန်ပိုင်းအလုပ်ကိုယ်စီနဲ့မို့ ငယ်လေးက ယွင်လေးကိုမသိခဲ့ပဲ ယွင်လေးကသာ ငယ်လေးကိုသိနေခဲ့ခြင်းပင်။

ဖေဖေနဲ့အနေဝေးခဲ့ပြီး မေမေမရှိတော့တဲ့နောက် သွေးချင်းနည်းသော ဘဝမှာ ငယ်လေးနဲ့အမွှာလေးတွေနဲ့ပါ ထပ်ခွဲရဦးမယ်တဲ့လား....

"ကို...."

"......"

မေပယ်လ်ပင်ကြီးကိုမှီရင်း ကောင်းကင်ကို မော့ငေးကာ စိတ်နှင့်လူကပ်ပုံမရတာမို့ လုဟန် ခပ်တိုးတိုး ခေါ်လိုက်ရင်း အနားမှာ ဝင်ထိုင်လိုက်တော့ လှည့်ကြည့်လာတဲ့ ရိဖန် မျက်ဝန်းတွေက ခပ်ရဲရဲ။

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now