Part (21) U
"Ring Ring Ring"
"Hello...MD......."
"အဟမ်း...အလုပ်လေး ပေါ်လာလို့... ကျောင်းမှာလား..."
"ဒီနေ့မှ ကျောင်းဖွင့်တာ ကျောင်းမှာပေါ့ဗျ...ဒါနဲ့ အလုပ်က...."
"သြော်...ကလေး လတ်စသတ်ပေးခဲ့တဲ့ လချုပ်တွေ ပြန်ရှာတာ မတွေ့လို့ ကလေးမှာများ soft copy ရှိဦးမလား လို့...."
"ကျွန်တော့် laptop မှာ ရှိမယ်ထင်တယ်...ပြန်ရောက်မှ mail ပို့လိုက်မယ်... ရမလား..."
"ရပါတယ်...အေးဆေးမှ ပို့ထားလိုက်နော်.....
ဘယ်လို MD လဲဟ...
ငါ သေချာပေးခဲ့တာပဲကို တစ်ရေးနိုးမှ ထမေးနေတယ်...
သူ့လက်ထောက်ကို မခိုင်းပဲ ဘာလို့များကိုယ်တိုင်....
ရှုပ်တယ်ကွာ....မတွေးတော့ဘူး...ကျောင်းဖွင့်ကာစမို့ လူလည်းမစုံသေးတာကြောင့် ကျောင်းအပ်ပြီးတာနှင့် Time Table ကူးကာ ရိပေါ်တို့အိမ်သွားလည်ပြီးမှပဲ အိမ်ပြန်မယ် စိတ်ကူးထားတာ။
MD စာအုပ်ကြီးက ဖုန်းဆက်လာပြီး စာရင်းလာတောင်းတာကို စိတ်မတိုပဲ ပြေပြေလည်လည် ပြန်ဖြေနေမိတာ ကိုယ့်ဘာသာ အံ့သြမဆုံး။
ခေါင်းမနောက်ချင်သူပီပီ ဆက်မတွေးတော့ပဲ ထွက်ခဲ့တော့တာ။
ဗိုက်ကလေး ပေါ်ပေါ် ကြိုက်တာလေးတွေ ဝယ်သွားရမယ်လေ။
ကိုးရီးယားကြက်ကင် အချိုတစ်ပွဲနှင့် အာလူးချောင်းကြော်မှာထားကာ အုန်းနုရည်ပါ တွေ့တာမို့ ဝယ်လိုက်သေးတာ။မှာထားတာတွေ မရသေးတာမို့ စားပွဲတစ်ဝိုင်းမှာ ထိုင်စောင့်နေရင်း ဟိုဟိုဒီဒီ အကြည့်.....
အကိုရှောင်း မဟုတ်လား...
ဆေးရုံမှာ ရှိနေရမှာကို ဒီအချိန်ကြီး ဒီကို ဘယ်လိုရောက်နေတာလဲ....
အိမ်အတွက် ကြက်ကြော်လာဝယ်တာများလား....ကိုယ့်အတွေးနှင့်ကိုယ် နှုတ်ဆက်မည်ပြင်ဆဲမှာ အကိုရှောင်းနောက်ကနေ ပါလာသည့် အကိုချောချောတစ်ယောက်။
"ကြက်ကြော်အချိုသုံးပွဲ
ပွဲနဲ့ အစပ်နှစ်ပွဲ အာလူးချောင်းကြော်ငါးပွဲ ပါဆယ်...."Sean က အစပ်မှသိပ်မစားနိုင်တာ အချိုတွေချည်းပဲ ထည့်ပေးနော် ညီလေး...."
![](https://img.wattpad.com/cover/229742516-288-k217911.jpg)
YOU ARE READING
To Be With You_Season (2) Completed [ Z&U ]
FanfictionZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...