TBWY (S_2) 5

7.9K 593 27
                                    

Part (5) U

"အဆင်ပြေရဲ့လား ရှောင်းကျန့်....ငါလည်း ရောက်တုန်းလေး လှည့်ပတ်စစ်ရင်း လိုတာဖြည့် ချို့ယွင်းတာပြင်နဲ့ခုမှပဲ အေးဆေးဆုံဖြစ်တော့တာ.."

"ပြေပါတယ်...ဟန်းနီးမွန်းထွက်ရင်း ဟိုတယ်ဖွင့်ပွဲနောက်ပိုင်း တစ်ခေါက်မှ မရောက်သေးတာနဲ့ မင်းဆီ လာလိုက်တာ..."

"ငါလည်း ဘေဂျင်းနဲ့ဒီနဲ့ ကူးလိုက်သန်းလိုက်ပဲ...ဒီတစ်​ခါက်တော့ မင်းတို့လာမယ့်ရက်နဲ့ တိုက်ထွက်လာတာ အတော်ဖြစ်သွားတယ်..."

"GuSu က လုံးဝတိုးတက်လာတာ...မင်းအရမ်းတော်တယ် ဟိုက်ခွမ်း..."

"ညစာ ဒကာခံပြီးသားပါ ဆရာဝန်ကြီးရဲ့...wedding လည်း မလာဖြစ်လို့ အခုမှပဲ ဂုဏ်ပြုရမှာ...Congratulations ငါ့သူငယ်ချင်းကြီး....အကို့သူငယ်ချင်းကို ချစ်တတ်အောင်သင်ပေးခဲ့တဲ့အတွက် ရိပေါ်လေး အတွက်ရော Cheers..."

"Cheers..."

​လည်ရှည်ခွက်လေးမြှောက်ကာ လှည့်ပြောလိုက်တာကြောင့် လက်လေးနှစ်ဖက်ဆုပ်ကာ ပြုံးနေသော ရိပေါ်လေးမှာ ဝိုင်ခွက်လေး ကမန်းကတန်းမြှောက်ကာ တိုက်လိုက်ရတော့သည်။

ငယ့်နှုတ်ခမ်းက ဝိုင်တွေကို လက်မဖြင့်ဖွဖွလေးသုတ်ပေးမိတော့ ဟိုက်ခွမ်းက တပြုံးပြုံးဖြင့်...

"အားကျအောင် လုပ်နေတာလား...ဒီအတွဲ..."

"မင်းလည်း အလုပ်ချည်း ဖိလုပ်နေတာ...အဖော်လေးဘာလေး မရှာတော့ဘူးလား...."

"ပြောရင်လည်း ခံရမှာပဲ...အဲ့ဘက်မှာ ကံမပါဘူး ထင်ပါရဲ့..."

"ကျိုးချန်......."

"MD...."

ဝိုင်ခွက်လေး စားပွဲပေါ်ပြန်ချရင်း  ခေါ်သံအဆုံးမှာ လှည့်ကြည့်လာသော ကျိုးချန်။

ခေါ်တာက ရိပေါ်ပေမယ့် ခပ်ဖွဖွရေရွတ်ရင်း ကြည့်လိုက်တာက အကိုဟိုက်ခွမ်းဆီ....

"ချန်ချန်နဲ့ ရိပေါ်က သိနေတာလား..."

"သူငယ်ချင်းတွေ...ရိပေါ် နဲ့ဒေါက်တာက..."

"အကိုနဲ့ ဟိုက်ခွမ်းက ဇာတိ​မြေက သူငယ်ချင်းတွေလေ..."

"ဒါဆို ကျိုးချန် Intern ဆင်းနေတာ GuSu Hotel မှာပေါ့...

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now