Part (26) U
"ကိုကို့ငယ်က ထောင့်စေ့အောင် စီစဥ်ပေးလိုက်တော့ အကုန်အဆင်ပြေတာပေါ့...ယွီပင်းနဲ့ကျစ်ဖန်က ငယ့်လက်ရာကို အမှတ်ပေးနေကြတာ...ပြန်ရောက်ရင် ထမင်းလာစားမယ် လုပ်နေလို့ မခေါ်ဘူး ပြောထားတယ်..."
"အားနာစရာ ကိုကိုရယ်...တစ်ခေါက်လောက်တော့ ဖိတ်တာပေါ့...နေရာစိမ်းမှာ ဂရုစိုက်နော် ကိုကို..."
"ကောင်းပါပြီဗျာ...သားတို့ အိပ်ကုန်ပြီလား...ညနက်တဲ့ထိ ကာတွန်းကား ပေးမကြည့်နဲ့နော် ငယ်....ဒါနဲ့ မနက်ဖြန် ဆေးရုံရက်ချိန်းမလား...ကိုကို စုန့်လန်ကို မှာခဲ့တယ်...တစ်ယောက်တည်း မသွားနဲ့နော်..."
"ကိုကြီးနဲ့ကိုကြီးလု လိုက်ပို့မှာ ကိုကို...သားတို့တော့ အခုလေးတင် အိပ်ပျော်သွားပြီ...ကိုကိုနဲ့ပြောရင်း ပုတ်သိပ်နေတာ..."
"အကြာကြီးဖိမထိုင်နဲ့ ခြေကျဥ်မယ်...ဆေးသောက်ပြီး အိပ်တော့နော် ငယ်...ငယ့်ဖုန်းထဲမှာ meditation music လေးတွေ ထည့်ထားခဲ့တယ်...timer ပေးပြီး တိုးတိုးလေး ဖွင့်အိပ်နော်..."
"ချော့သိပ်နေကျ ကိုကို့အစားပေါ့လေ...good night ကိုကို..မွ..."
"Good Night...မွ...အိပ်တော့...ကိုကို့ကလေးလေး..."
မှိန်ကျသွားသော ဖုန်းလေးကို ဘောင်းဘီအိတ်ထဲ ထည့်လိုက်ရင်း နောက်အလှည့် ပြုံးယောင်သမ်းသော နှုတ်ခမ်းများက တည်ခနဲ။
"Sean အိပ်နေပြီထင်တာ..."
"စီနီယာလို့ ခေါ်တာ ပိုအဆင်ပြေလိမ့်မယ်..."
"ကျောင်းတုန်းကတည်းက ခေါ်လာခဲ့တာမို့...Sean အဆင်မပြေရင် ဆင်ခြင်ပါ့မယ်..."
".........."
မလိုချင်တဲ့ ဂရုစိုက်မှုတွေ...
မရချင်တဲ့ အလေးထားမှုတွေ....
မင်းနဲ့ထိုက်တဲ့သူကိုပဲ ပြသင့်တာ....မဖြစ်နိုင်တာတွေ မရူးချင်စမ်းပါနဲ့...
ငါ့အချစ်က ငယ်ကလွဲပြီး မဖြစ်တာမို့...စိတ်ထဲမှာတီးတိုးပြောမိရင်း ရွက်ဖျင်တဲဆီ ရှေးရှုလျှောက်မိစဥ်...
"အခုထိ ကျွန်တော့်ကို မမြင်နိုင်သေးဘူးလား....စီနီယာ...."
ခပ်အက်အက် စကားသံအဆုံးမှာ လှမ်းလက်စခြေလှမ်းများက တုန့်ခနဲ။
![](https://img.wattpad.com/cover/229742516-288-k217911.jpg)
YOU ARE READING
To Be With You_Season (2) Completed [ Z&U ]
FanfictionZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...