TBWY (S_2) 14

6.2K 478 20
                                    

Part (14) U

"အိုမို...အိုမို....တက်ကြွတဲ့ကြက်ဖ ဖြစ်နေပါလား...ချန်ချန်လေး..."

"တက်ကြွဆို ဟိုစာအုပ်ကြီးနဲ့လွတ်ပြီကျွတ်ပြီလေ.......ဟစ်...ဟစ်......"

"ဘာလို့လဲ...မင်းကို ဖြုတ်လိုက်ပြီလား...အကိုဟိုက်ခွမ်းက လူ​ကောင်းပါ....မင်းဆိုးလွန်းလို့နေမှာ...."

"ငါပြီးအောင် ပြောပါရစေဦးဟ...ကျောင်းဖွင့်ခါနီးလို့ ပြန်ရမှာ...ဖွင့်ဖို့က လိုသေးပေမယ့် အိမ်ကိုလွမ်းလို့ ကြိုပြန်မှာ...."

"တတိယနှစ်ကျောင်းသားကြီး ဖြစ်တော့မှာပေါ့....congratulations ပါ ချန်ချန်လေး...."

"ကျောင်းပြန်တက်​ရအောင်လေ....ပေါ်ပေါ်..အမွှာလေးတွေ ရှေ့နှစ်ဆို မူကြိုထားလို့ရပြီမလား...."

".........."

"မင်းနဲ့အတူတက်ရရင် ပျော်စရာကြီးနေမှာ...ကျောင်းမှာ အနုပညာအသင်းလည်း ရှိတယ်....အကတွေရော အားကစားရော မပါမဖြစ်ပါကြရတာကွ....ငါကတော့ music club ပဲ ဝင်ထားတာ...မင်းသာဆို dance club ဝင်ဖြစ်မှာ...."

ကျောင်းပိတ်တုန်း အလုပ်သင်ခဏနေနေရပြီး ကျောင်းပြန်ဖွင့်တော့မှာမို့ အိမ်ပြန်ဖို့အရေး တက်ကြွနေရှာသူ ကျိုးချန်။

ပစ္စည်းတွေ ထုပ်ပိုးနေရင်းက v call ခေါ်လာတာမို့ ကျောင်းတက်မယ့်ကိစ္စကို စကားစပ်မိကြရင်း အတူပြန်တက်ဖို့ ပြောနေတာ။

ငယ်သူငယ်ချင်းမို့ အတန်းတိုင်း လည်ပင်းဖက်ပေါင်းလာကြသူတွေ မဟုတ်လား။ အလယ်တန်းကတည်းက ကျောင်းကပွဲတွေဆို သူကဆို ကိုယ်က ကနှင့် အတွဲညီခဲ့ကြတာကိုး။

သူကျောင်းတက်တော့ ကိုယ်လည်း တက်ချင်တာပင်။ အခြေအနေအရသာ နားထားခဲ့ရပေမယ့်လို့ပေါ့။

အစက အမွှာလေးတွေ ငယ်သေးလို့ နည်းနည်းလက်လွှတ်ရရင် ကိုကို့ကို ခွင့်တောင်းမလို့ပါပဲ။
အခုက နောက်တစ်ယောက်ပါ ရှိနေပြီ။
မပေါ်သေးသော ဗိုက်ချပ်ချပ်လေးကို အသာဖိရင်းက ငိုင်နေမိဆဲ....

"မင်းက စာလည်းတော်တယ်...ဥာဏ်လည်းကောင်းတော့ အကြာကြီးမနားစေချင်ဘူးကွာ...."

To Be With You_Season (2) Completed [ Z&U ] Dove le storie prendono vita. Scoprilo ora