Part (53) U
ဖွင့်ပွဲက ရက်ကပ်နေပြီမို့ ပူဖောင်းရောင်စုံများ၊ ပန်းဆိုင်းပန်းခြင်းများနှင့် အလှဆင်ထားသော သေသပ်လှပသော မီးဖိုခန်းဒီဇိုင်းနှင့် အဆောက်အဦးလေး။
ရုံးခန်းအသေးလေးနှင့် ပစ္စည်းတွေပါ အကန့်ခွဲကာ တွဲလျက်သားမို့ mini mart လေးသဖွယ်။
ခင်းကျင်းထားပုံတွေကလည်း အမြင်အာရုံမခွာချင်စရာ။
ရိဖန်ကတော့ မီးဆိုင်းကအစ နံရံကပ်စက္ကူတွေ စင်တွေ ညီမညီကအစ အကုန်လိုက်ကြည့်နေတာ။
လုဟန်ကတော့ ရောက်စတစ်ရက်နားပြီးတည်းက အတူလိုက်လုပ်နေတာ။
အခုလည်း mask တပ်ကာ မှန်နံရံကို သုတ်နေသည်။စေ့စပ်သေချာသူတွေမို့ အဖိတ်အစင်နည်းကာ သူ့နေရာနှင့်သူ ရုပ်လုံးပေါ်လာခဲ့သော အိမ်မက်လေး။
ဆိုင်းဘုတ်လေး ညီမညီကြည့်ပြီး အထဲဝင်လာတော့ ဖျော်ရည်ခွက်လေး ကမ်းပေးလာသည့် လုဟန်ကြောင့် မသောက်ရနိုင်သေးပဲ နဖူးပြေပြေမှ ချွေးစတစ်ချို့ကို လက်ဖမိုးဖြင့် သုတ်ပေးမိသော ရိဖန်။
"ro ကြပါ...ro ကြပါ..."
"မကျေနပ်ရင် လိုက် ro လေကွာ..."
ပန်းအိုးပိစိတွေ သယ်ရင်း အော်လာတာကြောင့် ရိဖန်ပြန်ပြောမိတော့ လင်းယန် နှာခေါင်းရှုံ့သွားရသည်။
သူများအတွဲ ရန်ဖြစ်ထားတာသိလို့ နှိမ်နေတာ....
"ဘယ်နားချမှာလဲ...ကလေး..."
"ချချင်တဲ့နေရာသာ ချ..."
ပန်းခြင်းကြီးမကာ မေးနေသော စုန့်လန်ခမျာ မျက်နှာငယ်နှင့် စစ်ကူတောင်းသလို ကြည့်လာပြန်တော့ ရိဖန် ပြုံးစိစိနှင့်ပင် နေရာကူချရသေးသည်။
YOU ARE READING
To Be With You_Season (2) Completed [ Z&U ]
FanfictionZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...