Part (28) U
"ဒါပဲနော် MD....ကျွန်တော် ပေါ်ပေါ့်ဆီ သွားမလို့ Bejing Mall မှာ ပန်းစည်းဝင်ဝယ်မလို့... "
"ပန်းစည်း...ဘာလို့လဲ..."
"ပေါ်ပေါ် သမီးလေး မွေးလို့လေ...သတင်းသွားမေးတာ ယူသွားဖို့ပေါ့...."
"မွေးပြီလား....ရှောင်းကျန့်လည်း ဒီတစ်လော ဘာတွေရှုပ်နေလဲမသိ...ဖုန်းကိုမပြောဖြစ်တာ...."
"နောက်မှသိလိမ့်မယ်...ခုတော့ သူ့သမီးနားကပ်နေရလို့ မအားဘူး...အဲ့ဂွမ်းလုံးလေးကလည်း အရမ်းချစ်ဖို့ကောင်းနေရော...."
"ကလေး ချီတတ်ပြီလား...."
"အခုမှ ချီရမှာ...သူကျ ချီတတ်တာကျနေတာပဲ....ဆရာကြီးလေသံနဲ့...ဟွန့်...."
"ပွစိပွစိပြောမနေနဲ့....ကိုယ် ကြားတယ်နော်...မင်း မချီတတ်လည်း ရပါတယ်...ကိုယ်ချီမှာပေါ့..."
"ဘာ....ခင်ဗျား....."
ဖုန်းကျသွားပြီအထင်နဲ့ ပြောမိလေသမျှ ပြန်ပြောသွားတာကြီးက ဘာလိုလိုမို့ အော်မိစဥ် တဟားဟားရယ်ကာ ဖုန်းတကယ်ချသွားလေပြီ။
ပန်းစည်းလေးဝယ်ပြီး အထွက် ပိတ်ရပ်နေသော အရိပ်ကို မော့အကြည့် မျက်နှာတွေ နွေးလာရတော့တာ။
"MD ဘယ်လို...."
"အလုပ်နဲ့လာရင်း ချာတိတ်ကို တွေ့ချင်လို့...."
"ကျွန်တော် ဒီမှာရှိမှန်း ဘယ်လိုသိလဲ..."
"Bejing Mall မှာ Floral Service အစုံဆုံးက ဒီဆိုင်ပဲလေ...ဆေးရုံတန်းသွားမှာမလား...ကိုယ်ပါ လိုက်ခဲ့မယ်..."
"ကလေးလေးအတွက် လက်ဆောင်ဝယ်ဦးမှာ...."
နှစ်ယောက်သား ကလေးပစ္စည်းဆိုင်ထဲ အူလည်လည်ရောက်လာကာ ဘာဝယ်ရမှန်းမသိပဲ ကောက်ကိုင်လိုက် ပြန်ချလိုက်နှင့် သံသရာလည်နေတာကို ဝန်ထမ်းလေးတွေကပါ ကြည့်နေပြီ။
"ဒါလေးရော ချာတိတ်..."
"ကလေးကပိစိလေး ဘယ်တော်မလဲ... သေချာရွေးမှ...."
ဟိုက်ခွမ်းပြလိုက်သည့်
ပန်းပွင့်လေးတွေ အရုပ်လေးတွေနှင့် ဦးထုပ်ဝိုင်းလေးကို ပြန်ထားပြီး ထပ်ရွေးဖို့ ပြောနေတာလေးကို အသည်းတယားယားဖြင့်ငေးရင်း ကလေးပစ္စည်းတွေ အတူဝယ်နေသော တကယ့်စုံတွဲလေးလို ခံစားရကာ ရင်ခုန်မိပြန်သည်။
YOU ARE READING
To Be With You_Season (2) Completed [ Z&U ]
FanfictionZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...