Part (36) U
အပေါ်ဝတ်ကုတ်အရှည်ကြီးကို ချွတ်ကာ တစ်ကိုယ်လုံးမြုပ်အောင် ခြုံပေးပြီးကားဆီရောက်တော့ တံခါးဖွင့်ပေးကာ ဝင်ထိုင်စေပြီးမှ driver seat ဘက်တက်ကာ ခါးပတ်တပ်ပေးပြီး မောင်းထွက်လာသော ကိုကို။
ကီလိုမျှားတန်းက 120 နားကပ်နေပြီမို့ စကားမပြောပဲ တောက်လျှောက်မောင်းနေသည့် ကိုကို့ကို သက်ပြင်းအသာရှိုက်ကာ မရဲတရဲကြည့်ရင်း သတိပေးရပြန်သည်။
"ကိုကို...အရှိန်နည်းနည်း လျှော့ပါဦး..."
"......."
"ငယ်နဲ့ ဘာမှ မပက်သက်ပါဘူး...သူ့ဘက်ကသာ...အင့်...."
ရှင်းပြမလို့ စကားစတုန်းရှိသေး။ ကားကိုလမ်းဘေး ထိုးရပ်ကာ ခါးပတ်ဖြုတ်ပြီး သိမ်းဖက်လိုက်တာမို့ ရိပေါ်ကိုယ်လေး အင့်ခနဲ။
"ငယ့်ကို ကိုကို ယုံပြီးသား...ဒါပေမယ့်....ဒါပေမယ့် လူတွေက ငယ်ထင်သလောက် မရိုးရှင်းဘူး ငယ်...ခုနက သူ့ရင်ခွင်ထဲ ငယ့်ကို မြင်လိုက်ရတော့ ကိုကို ပူထူသွားပြီး ဘာမှမစဥ်းစားနိုင်တော့တာ...အရမ်းလန့်သွားလား...ငယ်...."
"ဟင့်အင်း...ကိုကို အထင်လွဲပြီး မုန်းသွားမှာကိုပဲ ငယ် စိုးရိမ်တာ..."
တစ်ကိုယ်လုံး ကျစ်နေအောင် သိမ်းဖက်ထားရင်း ပြောနေရာမှ လူချင်းအသာခွာကာ မျက်နှာလေးကို ပင့်မော့မေးလာသော ကိုကို့ကြောင့် ရိပေါ်လေး တစ်ချက်ပြုံးယောင်သမ်းကာ ဖြေမိရသည်။
ကားမီးရောင် မလင်းတလင်းအောက်မှာ မရဲတရဲပြောနေရှာသည့် မျက်နှာလုံးလုံးလေးကို မေးဖျားမှပင့်ယူရင်း နဖူးချင်း ထိကပ်မိတော့ အလိုက်တသိ မှေးမိတ်ကျလာသည့် မျက်ဝန်းလေးများ။
အဲ့ဒီနောက်...အဲ့ဒီနောက်တော့....
ပိုမိုတင်းကျပ်လာသည့် ထွေးပွေ့မှုများနှင့် နင့်ရှမောဟိုက်လာသည့် အသက်ရှုသံများ။
ထိုင်ခုံခါးပတ်လည်း ဘယ်အချိန်က ပြုတ်သွားတယ် မသိ။တစ်စတစ်စ အုပ်မိုးလာရင်း ထိုင်ခုံခလုတ်က လျှောကနဲကျသွားတာမို့ နှစ်ယောက်သား အကြားအလပ်မရှိ နီးကပ်နေရင်း တစ်ယောက်ရင်ခုန်သံကို တစ်ယောက်ပြန်ကြားနေရသည်အထိ။
YOU ARE READING
To Be With You_Season (2) Completed [ Z&U ]
FanfictionZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...