Part (41) U
ဖြည်းဖြည်းချင်း ဖွင့်လိုက်တဲ့ မျက်လုံးတွေက အလင်းရောင်ကြောင့် ခဏတော့ ကျိန်းစပ်သွားသယောင်မို့ တင်းတင်းမှိတ်ချလိုက်မိပြီး ခပ်သာသာ ပြန်ဖွင့်တော့မှ မြင်ကွင်းထဲက မျက်နှာကျက်ဖြူဖြူ နံရံဖြူဖြူ။
ဖော်မလင်နံ့ ဆေးနံ့တို့က နှာဝမှာ ခပ်ပျံပျံ့။ပြီးတော့ ကုတင်ဘေး stand မှ တွဲလဲကျနေသည့် ဆေးပိုက်ကြည်ကြည်အဆုံးမှာ ပွန်းပဲ့ရာတစ်ချို့နှင့် ပတ်တီးစည်းထားသော လက်ဖျံ။
ခြေထောက်တွေကို မကြည့်စဥ်မှာ စိတ်သွားတိုင်း ကိုယ်မပါသည်မို့ အားယူကာ ခေါင်းထောင်ကြည့်မိမှ ကျောက်ပတ်တီး စည်းထားသော ညာခြေထောက်နှင့် လေးပင်ကိုက်ခဲနေသော အစိတ်အပိုင်းများ။
"မင်း သတိရပြီလား...ခေါင်းကို အားမသုံးနဲ့လေ...လေးချက်ချုပ်ထားရတာ..."
ပြောပြောဆိုဆို ခေါင်းကိုအသာထိန်းဖိချကာ ဆေးပိုက်ကို အလျှော့အတင်းလုပ်ပေးပြီး ကုတင်ခြေရင်းမှာ ချိတ်ထားသည့် chart ကို မျက်မှန်ပင့်ကြည့်ရင်း စစ်နေပုံက လုပ်ရိုးလုပ်စဥ် တစ်ခုလို။
ခုချိန်ထိ သူ့ကိုတစ်ချက်မှ ကြည့်မလာသေးသော မျက်မှန်ကြည်ကြည်နောက်က မျက်ဝန်းလဲ့လဲ့များ ရုတ်တရက် အကြည့် ရောက်လာစဥ်မှာ ဘာကြောင့်ရယ်မသိ ရင်ထဲ ငြိမ့်ခနဲ။
"ကျွန်တော့်ကို ဆေးရုံပို့ပေးတာ....ခင်ဗျားလား..."
"ဆိုပါတော့... မင်း မှတ်မိမလားပဲ...ဟွန်းတီးပေမယ့် အရှိန်နဲ့ဝင်လာတာမို့...ကိုယ့်ကားနောက်ပိုင်းနဲ့ မရှောင်သာပဲ ဖြတ်တိုက်မိတာ..."
"ဘရိတ်ဆွဲသေးတယ်......ဆိုင်ကယ်ရောလူရော ပစ်လဲသွားတာပဲ မှတ်မိလိုက်တာ...ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ..."
"ဆရာဝန်ဆိုတော့လည်း လူနာမြင်တော့ ကြည့်မနေနိုင်ဘူး...ဒီမှာ မင်းပိုက်ဆံအိတ်...ဖုန်းကတော့ ဆိုင်ကယ်ပိပြီး power မပွင့်တော့တာနဲ့ ကိုယ်အလုပ်လုပ်တဲ့ ဒီဆေးရုံပဲ ခေါ်လာလိုက်တာ..."
"ကျွန်တော့် ဆိုင်ကယ်...."
"လောလောဆယ် ဆေးရုံဂိတ်မှာ ထားထားတယ်...ကိုယ့်ကိုကိုယ် အရင်နားဦး...ဆိုင်ကယ်က ပြင်ရင်ခဏပဲ..."
![](https://img.wattpad.com/cover/229742516-288-k217911.jpg)
KAMU SEDANG MEMBACA
To Be With You_Season (2) Completed [ Z&U ]
Fiksi PenggemarZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...