Part (55) U
"မင်္ဂလာမောင်နှံ လက်စွပ်လဲနိုင်ပါပြီ..."
လက်စွပ်လေးတွေ ဝတ်ပေးကြပြီးသည့်နောက် လက်ချောင်းချင်းယှက်ကာ ထွေးဆုပ်ရင်း ဖွဖွထိကပ်သွားသည့် နှုတ်ခမ်းများ။
အတတ်လွန်နေသည့် အမွှာနှစ်ယောက်ကို မျက်လုံးလေးတွေကာလိုက်သည့် ရိဖန်နှင့် ရှောင်းကျန့်။
အိန်ဂျယ်နှ့င်ပင်ကီကတော့ ရိပေါ်နှင့်လုဟန်ရင်ခွင်ထဲကနေ အလှဆင်ထားသမျှ ပန်းတွေကို လိုက်ငေးရင်း သဘောကျနေသည်။
စုန့်ပါးပါးနှင့်ဝမ်ပါးပါးကလည်း တပြုံးပြုံး။ လင်းယန် သူငယ်ချင်းတစ်ချို့နှင့် စုန့်လန် လုပ်ဖော်ကိုင်ဖက်များ၊ ကျောင်းနေဖက်များ၊ ဆေးရုံဝန်ထမ်းများနှင့် စည်ကားနေသည့် မင်္ဂလာပွဲလေး။
Stage ပေါ်မှာ ဓါတ်ပုံရိုက်ကြတော့လည်း မိသားစုပုံ၊အဖွဲ့လိုက်ပုံနှင့် စုံတွဲပုံတွေ မနည်းမနော။
ရှင်းချန်နှင့်လင်းယန် ညီအကိုနှစ်ယောက်တွဲပုံလေး ရိုက်တော့ မြင်သူရင်ထဲ ဝမ်းသာဝမ်းနည်းခံစားမှုကိုယ်စီ။
လက်ထဲထည့်ပေးလာသော ဘူးသေးသေးလေးနှင့် ပြုံးကြည့်နေသော အကိုဖြစ်သူ။
"အိမ်ရောက်မှ ဖွင့်ကြည့်နော်...ကိုကြီးရဲ့ ကလေးလေးက အခု အိမ်ထောင်ရှင် ဖြစ်သွားပြီ...ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီး ကိုယ့်အိမ်ထောင်ဖက်ကို အလေးထားရမယ်နော်..."
"အင့်....ကိုကြီး..."
ရင်ခွင်ထဲ တိုးဝင်လာသော ညီငယ်လေးကို ကျောပြင်လေး ဖွဖွပွတ်ကာ နှစ်သိမ့်နေသူ မျက်ဝန်းမှာလည်း မျက်ရည်စနဲ့ပါပဲ။
YOU ARE READING
To Be With You_Season (2) Completed [ Z&U ]
FanfictionZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...