TBWY (S_2) 45 🎭

4.4K 378 28
                                    

Part (45) U

"စာအုပ်တွေ ဖတ်ရတာ ကြိုက်ရင် ညာဘက်အကန့်မှာ ရသပိုင်းရော အစုံရှိတယ်...ယန်လေး...ဘယ်ဘက်အကန့်က ဆေးစာအုပ်တွေ..."

စာအုပ်တွေကို စိတ်ဝင်တစား ကြည့်နေသော လင်းယန်ကို ဖျော်ရည်ခွက်လေး စားပွဲပေါ် ချပေးရင်း ဆိုလာသည့် ရှင်းချန်။

စာမေးပွဲပြီး ကျောင်းပိတ်ထားပြီမို့ ရှင်းချန်နေထိုင်ရာ တိုက်ခန်းလေးဆီ လာနေသည့် လင်းယန်က အကိုဖြစ်သူရဲ့ စာအုပ်စင်ကို စူးစမ်းနေပြီ။

သပ်ရပ်ရှင်းသန့်နေသော တိုက်ခန်းလေးမှာ တစ်ကိုယ်စာပစ္စည်းအနည်းငယ်မှလွဲ၍ စာအုပ်တွေကသာ နေရာယူထားတာမို့ သဘောတွေကျကာ ရောက်တည်းက မခွာနိုင်ဖြစ်နေတာ။

"မနည်းဘူးနော်...ကိုကြီး...အင်္ဂလိပ်လိုတွေရောပဲ..."

"London အိမ်မှာ ပိုများတယ်...ဒီလာတော့ တစ်နိုင်လောက်ပဲ သယ်လာရတာ...တရုတ်လိုတွေက ဒီရောက်မှ ဝယ်တာတွေ..."

"ဘာသာပြန်ထဲက စိတ်ဝင်စားစရာလေးတွေ မရှိဘူးလား...."

အလင်းရောင်ပိုရအောင် ရှင်းချန်က ကန့်လန်ကာဆွဲဖွင့်လိုက်ပြီးမှ  စာအုပ်ကို ဆွဲထုတ်ယူလာပြတာ...

အလင်းရောင်ပိုရအောင် ရှင်းချန်က ကန့်လန်ကာဆွဲဖွင့်လိုက်ပြီးမှ  စာအုပ်ကို ဆွဲထုတ်ယူလာပြတာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ရှိတာပေါ့ အများကြီး... Around The World In Eighty Days သိတယ်မလား...Jecky Chan ရုပ်ရှင်လေ....."

"သိတာပေါ့...ကျွန်တော် အရမ်းကြိုက်တာ..."

"စာရေးဆရာက ပိုစိတ်ဝင်စားဖို့ကောင်းတယ်...ပြင်သစ်လူမျိုး Jules Verne တဲ့...သူနေတဲ့အနားက Nantes မြို့လေးအထိပဲ ​ရောက်ဖူးပေမယ့် စွန့်စားခန်းတွေ သိပ္ပံစိတ်ကူးယဥ်ဝတ္တုတွေ အများကြီး ရေးခဲ့တာ...Journey To The Center Of The Earth တို့ Twenty Thoundsand Leagues Under The  Sea တို့... နောက်ဆုံးတော့ အဲ့ဒါတွေ တကယ်ဖြစ်လာခဲ့တာ..."

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now