Part (3) U
"ပင်လယ်ကြီးရေ...ကိုကို့ကို သိပ်ချစ်တယ်..."
ကျောက်ဆောင်ပေါ်တက်ကာ လက်လေးနှစ်ဖက်ကို ပါးစပ်နားအုပ်ပြီး သံကုန်အော်နေတာမို့ ပြုတ်ကျမှာစိုးရိမ်တာကြောင့် ခါးလေးကို အနောက်မှသိမ်းဖက်ထားရင်း ကြည်ကြည်နူးနူးပြုံးကာ ဆံပင်လေးတွေကို ဖိနမ်းမိတော့ နှုတ်ခမ်းစူကာ လှည့်ကြည့်လာသော ငယ်...
"ကိုကိုလည်း အော်လေ...."
"ကိုကိုက လူကြီးဖြစ်နေပြီလေ ငယ်ရဲ့..."
"လူကြီးဆို မချစ်တတ်တော့ဘူးလား...ချစ်ရင် ငယ့်လိုချစ်တယ် လို့ပြော... ကိုကို........ကိုကိုး.........."
"ပင်လယ်ကြီးထက် ချစ်တယ်...ကိုကိုရဲ့ငယ်...."
ခါးလေးကို တစ်ဖက်က သိမ်းဖက်ရင်း လက်တစ်ဖက်ကို ပါးစပ်နားကပ်ကာ အော်လိုက်တော့ ခြေဆောင့်ကာ သံရှည်ဆွဲပြီးဂျီနေသော ငယ်က ကိုယ့်ခါးကိုဆွဲဖက်ပြီး ကိုယ့်ခြေဖမိုးပေါ် ခြေဖျားထောက်ကာမေးဖျားဆီမော့နမ်းလိုက်တာ။
ရှောင်းကျန့် Devil Smile ကြီး ပြုံးလိုက်ပြီး မော့ထားသော မျက်နှာဖူးဖူးလေးကို မေးလေးမှပင့်လိုက်တော့
မျက်လုံးလေးမှိတ်ပြီး နှုတ်ခမ်းလေးစူထော်ကာ ငြိမ်ကျသွားသော ကိုယ်လေး....ကျရောက်လာမည့် အနမ်းများအစား ခပ်ဟဟရယ်သံလေးကြောင့် ကြည့်မိတော့ ယုန်သွားများပေါ်အောင် ရယ်နေသော ကိုကို့ကြောင့် ရိပေါ် ညစ်ကျယ်ကျယ် ခိုးပြုံးလိုက်မိသည်။
ရှောင်းကျန့် ခြေဖျားကို ဖိနင်းခံလိုက်ရတာမို့ လက်တို့အားလျော့သွားစဥ်ခဏ ကျောက်ဆောင်ပေါ်က ဆင်းပြေးသွားသော ငယ်...
လုံးတုံးလုံးတုံးနှင့် သောင်ပြင်ထက် နောက်ပြန်ပြေးရင်းက လျှာထုတ်ကာ မျက်လုံးလေးက ပြူးပြနေသေးတာ။
"ဘုတ်..."
"အင့်..."
"လူတစ်ယောက်လုံး မမြင်...ဟင်...ရိ...ရိပေါ်မလား...."
"ကျိုးချန်...မင်း...ဘယ်လိုကဘယ်လို...."
"ငယ်....."
"ကိုကို ဒါ ငယ့် သူငယ်ချင်း ဝမ်ကျိုးချန်တဲ့....ကျိုးချန် ဒါ ငါ့ကိုကို ဒေါက်တာ ရှောင်းကျန့်..."
KAMU SEDANG MEMBACA
To Be With You_Season (2) Completed [ Z&U ]
Fiksi PenggemarZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...