TBWY (S_2) 1

16.6K 734 57
                                    

Part (1) U

ကိုကြီးစုန့် လင်းယန် ကိုကိုနှင့်ရိပေါ် အမွှာလေးတွေက ကားတစ်စီး...

ရှောင်ပါးပါး ဝမ်ပါးပါး ကိုကြီးနှင့်ကိုကြီးလုက ကားတစ်စီး...

နေ့လယ်လောက် အကိုစန်ကျင်းတို့ဆီ အရောက်မောင်းကာ ကိုကိုနဲ့ရိပေါ်က ညနေလေယာဥ်ဖြင့် ဟန်းနီးမွန်းသွားပြီး အပြန်ကျမှ အမွှာတို့ကို ​ဘေဂျင်းအိမ်မှာ ဝင်ခေါ်ရမှာ ဖြစ်သည်။

ရှောင်ပါးပါးက အကိုစန်ကျင်းတို့ဆီကနေ လမ်းခွဲကာ သပ်သပ်ပြန်မှာဖြစ်ပြီး
ကိုကြီးနှင့် ကိုကြီးလုက ဖေဖေနှင့် ဘေဂျင်းအထိလိုက်သွားကာ အဲ့ဒီကမှ ဗီယက်နမ်မှာ ဟန်းနီးမွန်းသွားမှာ။

သားသားတို့ကိုတော့ ဖေဖေက ခေါ်ထားမည်ဖြစ်ကာ လင်းယန်လည်း ရှိသည့်အပြင် ကိုကြီးစုန့်ဆေးရုံက nurse နှစ်ယောက်ပါ အလှည့်ကျ ထားပေးမည်မို့ စိတ်မချစရာ မရှိ။

"ပစ္စည်းတွေ သေချာထည့်နော် သားငယ်လေး"

"အင်းပါ ဖေဖေရဲ့ ကိုကို ထည့်ပြီးသွားပါပြီ"

"​လေယာဥ်ကိစ္စရော
စန်ကျင်းနဲ့ သေချာပြောထားရဲ့လား"

"ကိုကိုမှာထားတယ်...မနေ့က ဖုန်းဆက်တာ ကြားတယ် ဖေဖေ"

"မြေးလေးတွေ တိုက်နေကျဆေးစာရင်းနဲ့ မတည့်တဲ့ဟာလည်း ရေးပေးခဲ့ဦး...ဖေဖေက သိပ်မှတ်မိတာ မဟုတ်ဘူး..."

"အဲ့ဒါကလေ...ကိုကိုက ပိုသိမှာ..."

သတို့သားဝတ်စုံပင် မလဲနိုင်သေးပဲ အမွှာလေးတွေကို ရင်ခွင်ထဲထည့်ကာ ကြက်သားလုံးကြော်တွေကို အချည်ရည်နှင့်တို့စားရင်း ပလုပ်ပလောင်းနှင့် ဖြေနေသည်မို့ မို့ဖောင်းနေသော ပါးအိအိလေးတွေကို ဝမ်ပါးပါး ဆွဲညှစ်လိုက်မိသည်။

"ကောင်းပါ့ဗျား...အကုန်လုံးကို ကိုကိုတစ်ခွန်းနဲ့ လုပ်စားသွားတာ"

"လင်းယန်နော်...သူ့ကျတော့ လူကြီး လူကြီးနဲ့ မသိရင် ခက်မယ်...ကိုကြီးစုန့် အစား ရင်လေးမိသေးတယ်"

"အကိုလေးနော်... ဘာ လူကြီးလဲ..."

မင်္ဂလာပွဲက မနက်ပိုင်းတင် ​ပြီးသည်မို့ ခြံထဲက အလှဆင်ထားသမျှကို လင်းယန်နှင့် ခြံဝန်ထမ်းတွေက ဖြုတ်သိမ်းကာ အခုမှ ပြန်လာရခြင်းဖြစ်သည်။

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now