TBYU (S_2) Festival Gallery

4.5K 219 0
                                    

Chinese Lantern Festival

ပွဲတော်ရက်က ရက်ပုံသေမရှိပဲ ဇန်နဝါရီအစနဲ့ဖေဖော်ဝါရီအလယ်ဝန်းကျင်ကာလမျိုးပါ
လပြည့်ရက်အပေါ် မူတည်ပါသတဲ့။

ပွဲတော်ရဲ့ အနှစ်သာရတစ်မျိုးကတော့ စကားထာ ဝှက်တာပါ။

စကားထာရေးထားတဲ့ စာရွက်ကို မီးပုံးမှာချိတ်​​ပြီး လွှတ်လိုက်တဲ့အခါ ဖြေမယ့်သူ​က အဲ့ဒီစာရွက်ကို ယူပြီး စာချိတ်တဲ့သူဆီမှာ ကိုယ့်အဖြေကို စစ်ရပါတယ်။

အဖြေမှန်ခဲ့ရင်လက်ဆောင်လေးတွေ ရပါတယ်။

ဒီအလေ့အထက ​စုန့်မင်းဆက် (၉၆၀-၁၂၇၉)မှာ ပေါ်ထွန်းခဲ့တာပါ။

နေ့ခင်းဘက်မှာ ရိုးရာဗုံတွေ
လင်ကွင်းတွေ တီးခတ်ရင်း နဂါးအက ခြင်္သေ့အက အစရှိတာတွေ တွေ့ရမှာဖြစ်ပြီး ညဘက်မှာတော့ မီးရှူးမီးပန်း​ ဖောက်တာတွေရင်သပ်ရှုမောဖွယ် မီးပုံးများနဲ့
ခမ်းနားလှပတဲ့ မြင်ကွင်းတွေကို ရှုစားရမှာပါ။

တရုတ်ရိုးရာအကတစ်ခုဖြစ်တဲ့ နဂါးအကကတော့ နှစ်သစ်ကူးအချိန် အပါအဝင် ပွဲတစ်ချို့မှာ တင်ဆက်တာ တွေ့နိုင်ပါတယ်။
တရုတ်ရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ နဂါးအကကို ကံကောင်းခြင်းတွေ ယူဆောင်လာမယ် ယုံကြပြီး နဂါးရှည်လေ ကံကောင်းလေ လို့ ယုံကြည်ကြပါတယ်။
စွမ်းအားရှိခြင်း ဂုဏ်သိက္ခာ ဥာဏ်အမြော်အမြင်နဲ့ မင်္ဂလာရှိခြင်း အတိတ်နိမိတ်ကောင်းများကို ပိုင်ဆိုင်တယ်လို့လည်း ယုံကြည်ကြပါတယ် တဲ့။

ပွဲတော်မှာ Tangyuan လို့ ခေါ်ကြတဲ့ ဆန်မုန့်ကို အလုံးလေး လုပ်ပြီး ဖက်ထုပ်လိုမျိုး အရည်နဲ့စားကြပါတယ်။

ဆန်မုန့်လုံးထဲမှာမှ ပဲနီ နှမ်း မြေပဲထောပတ် အရသာ အစားများကြပြီး ပဲနီနဲ့က ရိုးရာလိုပဲ အစားများကြပါတယ်။
Yuanxiao လို့လည်း ခေါ်ကြပါတယ် တဲ့။

..............................

Note >>>

Chinese Lantern Festival ကို fiction လေးရဲ့ ဇာတ်ဝင်ခန်းအနေနဲ့ပဲ ရေးဖို့စိတ်ကူးခဲ့ပေမယ့် တကယ်တမ်း ရေးဖို့လေ့လာရင်း စိတ်ဝင်စားစရာ ဗဟုသုတရစရာလေးတွေ တွေ့ရတာမို့ ဒီအပိုင်းလေး ထည့်ဖြစ်ခဲ့တာပါ။

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now