TBWY (S_2) 39 🎭

4.6K 419 32
                                    

Part (39) U

"အပေါ်ဆုံးက ဘူးအကြည်လေးက မုန်လာဥသုပ်နော်...ကိုကို...သံပုရာသီးက စားခါနီးမှညှစ်ပြီး မွှေလိုက်နော်...တစ်ခါတည်းညှစ်ထည့်ထားရင် ငြီးစော်နံမှာစိုးလို့ အပေါ်မှာ အစိတ်လိုက်ထည့်ပေးထားတယ်..."

"စိတ်ချပါငယ်ရယ်...ဒါနဲ့ print ထုတ်ပေးဖို့​ပြောထားတဲ့ ဖိုင်က ကျောပိုးအိတ်ထဲမှာနော်...stick ပါ တစ်ခါတည်းထည့်ပြီးသား... ကောင်းကောင်းသင်ယူခဲ့ပါ...ကိုကို့ကလေးလေး...."

စကားအဆုံးမှာ နဖူးပေါ်ထိကပ်လာသည့် အနမ်းဖွဖွလေးကြောင့် နှုတ်ခမ်းဖူးဖူးလေးတွေ ကော့ညွှတ်သွားကာ ကျောပိုးအိတ်တစ်ဖက်နှင့် ထမင်းဘူးလေးပိုက်ကာ တရွေ့ရွေ့ထွက်သွားသော အရိပ်လေးကိုငေးရင်း မှဲ့နက်လေးထင်းနေအောင် ပြုံးမိရင်း
ဝါသနာ စေတနာတို့ အရင်းခံရာ ကိုယ့်ရဲ့​ဖြစ်တည်မှုတို့ ရှိရာဆီသို့။

"Sorry ယွီပင်းရာ...ငယ့်ကျောင်းကအထွက် ကားက ဆီနည်းနည်းစိမ့်လာလို့ နောက်ကျသွားတာ..."

"ပြောနေရမယ့်သူတွေလားကွာ...စစ်ထားပြီးသလောက်တော့ minor case တွေပါပဲ...ဒါနဲ့ မိတ်ဆက်ပေးရဦးမယ်...ဒါ ငါတို့ ward ကို အသစ်ရောက်လာတဲ့ ဒေါက်တာ Jhon တဲ့...UK အခြေစိုက် NGO အဖွဲ့ကလာတာ...ကိစ္စလေးနည်းနည်းလည်း ရှိလို့...
ဂျွန် အကို ပြောပြောနေတဲ့ ဒေါက်တာ ရှောင်းကျန့်လေ..."

"တွေ့ရတာ ဝမ်းသာပါတယ် အကိုရှောင်း...အကိုယွီပင်း ပြောတည်းက မြင်ဖူးချင်နေတာ...အခုတော့ လုပ်ဖော်ကိုင်ဖက်တွေအဖြစ်ကို ဆုံရလို့ တကယ်ဝမ်းသာမိတယ်...ရှေ့လျှောက် ကူညီပေးပါဦး..."

ရှောင်းကျန့်မှာတော့ ယွီပင်းမိတ်ဆက်ပေးနေသည့် ဂျွန်ကို အံအားတသင့်ငေးနေဆဲ ကမ်းပေးလာသည့်လက်ကို ပြန်ဆုပ်ကာနှုတ်ဆက်ရင်းမှ စူးစမ်းမိသေးတာ။

"ကိုယ်လည်း ဝမ်းသာပါတယ်...အတွေ့အကြုံလေးတွေ ဖလှယ်ရင်း ပညာယူကြတာပေါ့...ဒါနဲ့စိတ်မရှိပါနဲ့... ဂျွန် က UK ဇာတိလား...."

"ရပါတယ် အကို...သိတတ်စလောက်တည်းက london ရောက်သွားလို့ ဝဲသွားတာနေမှာ...မကြာခင် ပြန်ပီလာမယ် မျှော်လင့်တာပဲ...အဲ့ဒါလည်း ကူညီနော်..."

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now