TBYW (S_2) 50 🎭

4K 343 15
                                    

Part (50) U

ကျောင်းပြန်ဖွင့်ပြီမို့ ရိပေါ်လေး ကျောင်းတက်နေရပြီ။

အဝတ်လဲပြီး ကျောပိုးအိတ်နှင့်ထွက်လာသည်နှင့် မျက်နှာလေးချိုကာ ကပ်နေတတ်သော အိန်ဂျယ်လေးခမျာ အရုပ်လေးပိုက်ကာ လက်လေးတပြပြနှင့်နေခဲ့ရှာသည်။

တစ်နေကုန် နို့ဗူးနှင့်နေရတာမို့ ညနေပြန်လာလျှင်တော့ ခွါမရတော့ပြီ။

အမွှာတို့ကတော့ သူတို့ချင်း ကစားနေတတ်ပြီး အရုပ်မလေးတွေနှင့် လိုက်မဆော့ပေးနိုင်တာကြောင့် သမီးငယ်က ပါးပါးကိုသာ ပိုကပ်တော့တာ။

ညနေစာစားပြီး အသီးပန်ကန်နဲ့ထွက်လာတော့ အမွှာနှစ်ယောက်က သူတို့အဖိုးကို ခြေထောက်တစ်ဖက်စီ နှိပ်ပေးနေကြကာ dream bed ပေါ်က အဖိုးဖြစ်သူမှာ ပီတိပြုံးကြီးနှင့်။

ကိုကိုကတော့ အမွှာတို့ဘေးမှာ သမီးငယ်လေးကို ပွေ့ရင်း ဝမ်ပါးပါးနှင့် စကားပြောနေလေသည်။

"နောက်တက်လူငယ်လေးတွေလည်း တော်ကြတယ် ဖေဖေ...ကျွန်တော့် Ward မှာလည်း အသစ်တွေရှိတော့ လုပ်ရည်ကိုင်ရည်တွေ မြင်နေရတယ်..."

"သူဌေးကျောက်ကတောင် ပြောနေသေး...ဒေါက်တာရှောင်းကျန့်က သတင်းမွှေးနေတာ...အကို့သားမက်မှန်း မသိခဲ့ဘူးတဲ့...သူ့အမျိုးသမီး case မှာ သားကျန့်ကို အရမ်းကျေးဇူးတင်နေတာလေ...."

"ဆရာဝန်ကျင့်ဝတ်နဲ့ တာဝန်သိစိတ်အတိုင်း လုပ်ခဲ့ရုံပါ...ဖေဖေ..."

"စေတနာလည်း ပါလို့ပါ ကိုကိုရယ်...ဒါနဲ့ ညဆေး သောက်ရဦးမယ်နော်...ဖေဖေ..."

"အင်း...မြေးတွေနှိပ်ပေးနေတာနဲ့တင် အတော်သက်သာနေပြီဗျာ...အားကိုးနေရပြီ...."

"ချီးကျူးမစောနဲ့ဦး...ဖေဖေ့မြေးတွေကို..."

"ဖိုးဖိုးက ဘာဒိမ်းချော့တာရဲ..."

"ဘန်ဘန်ရဲ...ကြည့်ချင်ရယ်..."

ပြောလို့မှ မဆုံးသေး။
ဝမ်ပါးပါး ပေါင်ပေါ်တင်ထားသည့် tablet ကို နှစ်ယောက်သား စပ်စုပြီ။

"Game မဆော့ပါဘူး...မြေးတို့ရ...အလုပ်လုပ်နေတာပါ..."

"တွေ့လား ဖေဖေ...မျက်လုံးထိမှာစိုးလို့ သား ဖုန်းပေးမကိုင်တာနဲ့ သူတို့ဒက်ဒီလည်း ကပ်မရလို့ ဖေဖေ့ကို မျက်နှာချိုသွေးနေတာ..."

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now