TBWY (S_2)10

6.8K 474 22
                                    

Part (10) U

"အဆင်ပြေရဲ့လား ဆရာမ...."

"ပြေပါတယ် ဒေါက်တာ...ရွာတွေဆင်းရင် အကူထည့်ပေးဖို့လည်း ရှိပါတယ်...male nurse တော့ မဟုတ်ပေမယ့် တပ်မှာ ဆေးအကူ လုပ်ခဲ့ဖူးတာမို့ အဆင်ပြေမှာပါ...."

"ကျေးဇူးလည်း တင်တယ်...အားလည်းနာတယ်ဗျာ...လမ်းပန်းခက်ခဲတာရော ဆရာဝန်အင်အားနည်းတာရော...
ကွင်းဆင်းဖို့ ဒီကိုပဲ ရွေးလိုက်တာ...ရှောင်းကျန့်လည်း ရှိနေတော့ ပိုအဆင်ပြေသွားတာပေါ့...."

"ဒေါက်တာက ဒေါက်တာစုန့်အကြောင်း အမြဲပြောနေကြ...အမွှာလေးတွေ မွေးပေးတည်းက လက်တွဲဖူးတာပဲကို...အောင်မြင်မှာပါ ဒေါက်တာ...ကျားရို့..."

"ကျားရို့....အားတက်ရပါတယ်ဗျာ..."

မွေးကင်းစကလေး သေဆုံးမှုနှုန်းနှင့် ကိုယ်ဝန်​ဆောင်မိခင်လောင်းများ  ပညာ​​ပေးရေးအတွက် စာတမ်းပြုစုရမည့် စုန့်လန်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဆေးဝန်ထမ်းများ အလှမ်းဝေးသောဒေသတစ်ခုခုရွေးရမည့်အချိန်တွင် သူငယ်ချင်းအရင်းကြီးလည်းရှိ နှလုံးသားခိုနားရာလည်းဖြစ်သော ဒီမြို့လေးဆီ ရောက်လာခဲ့တာ။

တိုက်ဆိုင်ချင်တော့ ကလေးပြန်မယ့်ရက်နှင့်ကပ်လျက် ဖြစ်နေတာကြောင့်ဖခင်ဖြစ်သူကို အတင်းကပ်ပြောကာ အမှီလိုက်လာရသည်။

သူငယ်ချင်းကြီးကို အပူကပ်ပြီး surprise လုပ်ဖို့ ပြောတော့ တဟားဟားရယ်ကာ သူ့အလိုကျ ကူညီပေးခဲ့သည်မို့ အစစအဆင်ချောခဲ့တာ။

လိုအပ်သမျှတွေ အမြန်စီစဥ်နေရင်း ကလေးကို နှုတ်မဆက်နိုင်အားသည်မို့ Toll Gate နားရောက်မှ ရုတ်တရက်ရောက်လာသောသူ့ကို အံ့အားတသင့် ငေးနေသော မျက်ဝန်းလေးတွေက စိုလက်လို့ရယ်။

အခုတော့ ချစ်သူရှိရာအရပ်မှာ ချစ်သူမြတ်နိုးသော သဘာဝအလှတွေဆီမှာ ကျန်းမာရေးဝန်ထမ်း တစ်ဖြစ်လဲ စာတမ်းပြုစုရမှာ သူ့အတွက်တော့ မဟာအခွင့်အရေးကြီးပင်။

"ဟေ့ကောင်...ငါးခူပြုံး ပြုံးမနေနဲ့...စာရွက်စာတမ်းတွေ ဆေးတွေ အကုန်စုံပြီလား....."

"လန့်လိုက်တာကွာ...ထည့်ပြီးပြီအကုန် ကျောပိုးအိတ်ထဲမှာ....မင်းကို စောင့်နေတာ....ငါ့သူငယ်ချင်းကြီး...ပင်ပန်းတော့မှာပဲ..."

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now