Part (15) U
"ဘာတွေလုပ်နေတာလဲ ချစ်ရဲ့...ရောက်တည်းကကို မနားရသေးဘူး..."
"ဘူးသီးအခြောက်လှမ်းမလို့....ခြစ်နေတာ....ကို....လိမ္မော်ရည်လေး သောက်ဦး...."
ရိဖန် ခမောက်ဝိုင်းအပြန့်ကြီးကို ချွတ်ကာ အိမ်ရှေ့က ကွပ်ပျစ်လို တန်းလျားအရှည်ကြီးမှာ ဝင်ထိုင်ရင်း မေးမိတော့ နဖူးဆံစပ်ကချွေးစတို့ကို အင်္ကျီလက်အနားဖြင့် တို့သုတ်ပေးရင်း လိမ္မော်
ရည်ခွက်လေးကို ကမ်းပေးကာ ဖြေလာသည့်လာသည့် ချစ်ရသူ။တရှိန်ထိုးမော့လိုက်တော့ ခြံထွက်လတ်လတ်ဆတ်ဆတ်မို့ ရင်ဝယ်အေးကာ အမောပြေသွားရလေသည်။
"လက်ထိတော့မှာပဲ....ကိုယ် ခြစ်လိုက်မယ်...ထားခဲ့...."
"ကိုက နေပူကြီးက ပြန်လာတာ အေးဆေးနားပြီး စကားပြောပေး...ချစ်ပဲ ဆက်လုပ်လိုက်မယ်နော်...."
"ဒါနဲ့ ဘူးခြောက်သုပ်က ဘယ်လိုမျိုးလဲ....ကိုယ် မစားဖူးဘူး...."
အလုပ်မရှိရင် မနေတတ်တာမို့ ဘေးမှာတွေ့သည့် ပန်းဂေါ်ဖီပွင့်တွေကို ခြွေရင်း မေးလိုက်မိသည်။
လုလုက စေ့စပ်လွန်းသူမို့ ဘယ်အရာမှ အဖိတ်အစင်မရှိစေရ။ ဝယ်ထားပြီး မချက်ဖြစ်သေးလျှင် အခြောက်လှမ်းတန်လှမ်း အချဥ်တည်လျှင်တည်တတ်တာကြောင့် အလိုက်တသိ ကူပေးခြင်းပင်။
"ဘူးသီးကို သေးသေးမျှင်မျှင်လေးတွေခြစ်ပြီး အခြောက်လှမ်း....ရေနွေးဖျောပြီး မြေပဲထောင်းထည့်...ကြက်သွန်ဖြူနီဆီချက်ထည့်...ငရုတ်သီးစိမ်းလေး ပါးပါးလှီးပြီး သံပုရာရည် ညှစ်ဆမ်းနယ်ရုံပဲ....အရမ်းစားကောင်းတာ သိလား...."
"ဒီဘူးလေးထဲက လှမ်းပြီးသားတွေမလား....အများကြီး ထပ်လုပ်မလို့လား..ချစ်...."
"ဟိုနေ့က စမ်းလုပ်ကြည့်တော့ ငယ်လေးက အရမ်းကြိုက်သွားတယ်...အစားအသောက်ပျက်နေချိန်ခံတွင်းတွေ့တာလေး လုပ်ပေးချင်လို့ များများလုပ်ထားတာ..."
"ဟူး......."
"ဘာတွေ သက်ပြင်းချနေတာလဲ ကိုရဲ့...ငယ်လေးကြောင့်လား...."
"နှလုံးအားနည်းပါတယ်ဆိုမှ အမွှာလေးတွေက ပိစိ...အခုက နောက်တစ်ယောက်ဆိုတော့ စိုးရိမ်ရပူပန်ရနဲ့....ဒင်းလေးကတော့ သူ့လူမျက်နှာပဲ တစ်ကမ္ဘာထင်နေတာ....."
YOU ARE READING
To Be With You_Season (2) Completed [ Z&U ]
FanfictionZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...