Part (9) U
"နေပါဦး....ကလေးရ..."
"လိုက်လာတာလား....ကျွန်တော်က အမြန်ခူးမှာကို..."
"ကိုယ်လည်း ကူမယ်လေ....အခင်းထဲ သေချာမရောက်ဖြစ်လို့....organic မို့လို့လားပဲ....အရမ်းလတ်ဆတ်တယ်နော်"
"ရေမြေကောင်းတော့ ဘာစိုက်စိုက်ဖြစ်တယ်...သဘာဝမြေသြဇာနဲ့ နည်းမှန်လမ်းမှန် စနစ်တကျပြုစုထိန်းသိမ်းလိုက်တော့ ပိုဖြစ်ထွန်းလာတာပေါ့...."
"စေတနာကြောင့်လည်း ပါမှာပါ...."
"ငယ်ငယ်တုန်းက အဘိုးနဲ့ယာထဲအမြဲလိုက်နေကြ....အပင်လေးတွေ ပေါက်လာရင် အရမ်းပျော်ခဲ့ရတာ....စိမ်းစိမ်းလေးတွေ မြင်နေရတာကိုက ချစ်စရာ...."
"သဘာဝကို ချစ်တတ်လိုက်တာ...ကိုယ့်ကလေးလေး...."
ခဝဲပန်းဝါဝါလေးတစ်ပွင့်ကို နားရွက်ကြား လှမ်းညှပ်ပေးရင်း ပြောမိတော့....
"ယာထဲမှာပဲ လူဖြစ်လာရတာကိုး...လူကြီးရဲ့...အဲ့ဒီတုန်းကဆို ဖရဲသီးအကင်းလေးတွေကို ပြုတ်ပြီး ပဲငါးပိအစပ်ချက်နဲ့စား ရေနွေးလေးနဲ့များ သောက်လိုက်ရရင် နတ်သုဒ္ဓါပဲ....အဘိုးက သိပ်ကြိုက်တာ...."
တက်ညီလက်ညီ အလုပ်လုပ်ကြပြီး ရိဖန်နှင့်လုဟန်က ချက်ပြုတ်ပြင်ဆင်နေတုန်း စုန့်လန်နှင့်လင်းယန်က စိုက်ခင်းထဲ ရောက်လာတာ။
အရွက်ကြော်ပူပူလေး စားရအောင် ဆိုကာ ခြင်းလေးနှင့် ကပ်ကြေးယူပြီး ထွက်လာသော လင်းယန်နောက် ခြင်းလေးတစ်ခုဆွဲကာ စုန့်လန် အပြေးလိုက်လာရတာ။
ဖရုံညွန့်လေးတွေကို ကပ်ကြေးနှင့်ဖြတ်ရင်းက ပြောလက်စအသံလေး တိုးတိမ်သွားတာမို့ သခွားသီးလေးတွေ ခူးနေရင်း ခြင်းကို ခဏချကာ မျက်နှာချင်းဆိုင် ရပ်လိုက်ပြီး.....
"ကလေး....."
"......."
"ကိုယ့်ကို ကြည့်ပါဦး....ကလေးရယ်...."
မေးဖျားကနေ ပင့်မော့မှ စိုလက်စပြုနေသော မျက်တောင်လေးတွေ လှုပ်ခတ်ကာ မော့ကြည့်လာတာ။
"အတိတ်က မလှရင်တောင် လက်ရှိနဲ့နောင်တစ်ချိန်ကို ကိုယ်တို့ အကောင်းဆုံး ကျော်ဖြတ်နိုင်ပါသေးတယ်....စိတ်မကောင်းစရာတွေ မတွေးနဲ့တော့နော်...."
YOU ARE READING
To Be With You_Season (2) Completed [ Z&U ]
FanfictionZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...