Part (37) U
"ညက်အောင် ဝါးစားရမယ်နော်...carrot...carrot...အာ..."
"ကဲရော့...ကဲရော့...နီနီရေး...ချားမယ်..."
"လီလီ...မငုံထားနဲ့...ရေသောက်ရအောင်.."
"ဝါးယား...ဝါးယား..."
"အင်း...water သောက်ရမယ်...လာ..."
ရိပေါ်က အမွှာနှစ်ယောက်ကို ထမင်းခွံ့ရင်းက ကိုကြီးတို့နှင့် vd call ပြောနေကြတာ ဖြစ်သည်။
"အေ ဘီ ချီ ဒီ အီး အက် ဂျီ...အိပ်ချ် အိုင် ဂျေ ကေ အန် အန် အမ် အို ပီ..."
"ဆက်ဆိုပြလေ...လေးဖန်နဲ့ ဟန်လေးကို..."
"မောတွားရီ...နောက်မှ ချိုမယ်..."
"အလည်လေးတွေ...မေ့နေတာမလား..."
လင်းယန်က ပုခက်ထဲက အိန်ဂျယ်လ်လေးကို မြှူရင်း တဟားဟားရယ်ကာ လှမ်းပြောနေတာ။
ပါးလေးတွေ ဖောင်းနေအောင် တလှုပ်လှုပ်စားရင်းက မူကြိုမှာသင်သမျှကို ဦးလေးတွေကို ကြွားနေတာမို့ ရိဖန်နှင့်လုဟန်မှာ ပီတိတဝေဝေ တပြုံးပြုံးနှင့်။
တစ်ဝက်လောက်ဆိုပြီး ရှေ့ဆက်မရတော့ မောသွားပြီဆိုပြီး ပါးပါးပေါင်ပေါ် တစ်ဖက်စီ ဝင်ထိုင်ကြတဲ့ ချွဲစိန်လူလည်လေးတွေ။
"အူကြူးလေးတွေ တော်လိုက်တာ...စာကောင်းကောင်းလုပ်ပြီး လိမ်မာနော်...မွ..."
"ရီရီရ ဟန်ရေးကို ရွမ်းနေရာ..."
"ဘန်ဘန်ရဲ ရွမ်းရယ်..."
"ဟန်လေးကလည်း လွမ်းနေတာ...အူကြူးလေးတွေကို..."
"ဟန်လေးကိုပဲ လွမ်းတာလား...လေးဖန်ကိုကျ မလွမ်းဘူးပေါ့...ဟမ်...ဝက်ပေါက်လေးတွေ...ကင်စားလိုက်ရမလား..."
ESTÁS LEYENDO
To Be With You_Season (2) Completed [ Z&U ]
FanficZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...