Part (11) U
"Ring...Ring...Ring...."
"Hello....ကျိုးချန်...ပြော...ဘာတွေလုပ်..."
"ငြီးငွေ့စရာ အလုပ်ထဲမှာပေါ့ကွာ...မင်းလည်း ဖုန်းတစ်ချက် မဆက်ဘူးနော်...."
"လင်နဲ့သားနဲ့ မအားတဲ့ဘဝပါ....ဒါနဲ့
မင်းဝါသနာပါတဲ့ အလုပ်ပဲမလားလို့....""လင်တစ်ခါယူပြီး ပြောလို့မဆုံး တပြုံးပြုံးလုပ်နေ သိလား....အလုပ်ကတော့ သိပ်မဆိုးပါဘူး...အလုပ်ရှင်ကသာ နည်းနည်း...ပုံမလာတာ...."
"အဟား...အကိုဟိုက်ခွမ်းက သဘောကောင်းပါတယ်ကွ...မဟုတ်မှ မင်းကို ဘာလုပ်လိုက်လို့........"
"Yeah...ရိပေါ်စုတ် ဘာလုပ်ရမှာလဲ...ဒီတိုင်း စာအုပ်ကြီးစတိုင်လ် လုပ်နေလို့ဟ..."
"ကိုကို ပြောဖူးတယ်...အကိုဟိုက်ခွမ်းက ရင့်ကျက်တယ်.... စည်းကမ်းကြီးပြီး စနစ်တကျ နေတတ်ပေမယ့် စိတ်ရင်းစိတ်ဓါတ်ဖြူစင်တယ် တဲ့....မင်းကိုလည်း ဂရုစိုက်တာ အသိသာကြီးပါကွာ...."
"ဘာဂရုစိုက်တာလဲ...အားအားရှိ မျက်နှာတည်ကြီးနဲ့ ဆူနေတာပဲ...အဲ့ဒါမို့ အရွယ်မတိုင်ခင် မြန်မြန်အိုနေတာ....."
"ဝိုး....ငါတို့ချန်ချန်လေးက အချော့ခံချင်နေတာကိုး...."
"ဝမ်ရိပေါ်..........."
"ဖြည်းဖြည်းအော်ပါဟ...ကလေးတွေလန့်ကုန်တော့မှာပဲ...."
ဧည့်ခန်းမှာ ကော်ဇော်အပါးလေးခင်းကာ ကလေးနှစ်ယောက်ကို အရုပ်ခေါင်းအုံးလေးတွေနဲ့ ချသိပ်ပြီး ဘေးနားမှာ လှဲနေတုန်း ကျိုးချန် ဖုန်းလာတာ။
အကိုဟိုက်ခွမ်းရဲ့နူးညံ့တဲ့ အကြည့်တွေကို ရိပေါ်တို့တောင် သတိပြုမိတာပဲကို....
ကျိုးချန်တစ်ကောင်ဟာလေ အူကြောင်ကြောင်နဲ့ အရိပ်လည်းမသိ အကောင်လည်း မမြင်.....သတိလေးတစ်ချက် လွတ်မိပါတယ်...
ဒေါသအိုးက စွတ်အော်နေတာမို့ နားနားကဖုန်းကို ဆတ်ခနဲ ခွာပစ်မိဆဲ အမွှာလေးတွေက နိုးလာပြီ။"ပါးပါး....ဒီဒီ...."
"အူးမွ...ပါးပါးသားလေးတွေ....ဒက်ဒီ အလုပ်သွားနေတယ်လေ....လုပ်လုပ်လေ...."
![](https://img.wattpad.com/cover/229742516-288-k217911.jpg)
ESTÁS LEYENDO
To Be With You_Season (2) Completed [ Z&U ]
FanficZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...