Part (49) U
ပါးလေးတွေ မို့တက်အောင်ပြုံးနေသော ကိုယ်လေးကို ဆွဲဖက်မိတော့ လက်ထဲက ရေပိုက်လေးက မျက်နှာဆီ လွင့်စင်လာသော ရေမှုန်မွှားများ။
တခစ်ခစ်ရယ်နေသော အနွေးလုံးလေးရဲ့ နှုတ်ခမ်းတွေကို အပိုင်သိမ်းဖို့ မှဲ့လေးကို လျှာနှင့်အသပ်....
"ငန်ကျိကျိကြီး....ဖွီး..."
မျက်လုံးအဖွင့်မှာ ရင်ဘတ်ပေါ် ကားယားမှောက်နေသည့် အိန်ဂျယ်လေး။
ခြေထောက်တစ်တစ်လေးတွေက လည်ပင်းတစ်ဖက်တစ်ချက်မှာ။
လူးလဲထရင်း ဝက်ပေါက်လေးကို နေရာချနေတုန်း ရေချိုးခန်းထဲက ထွက်လာသည့် ငယ်။"အယ်...ကိုကို...ညက သမီးကို diper မလဲပေးလိုက်မိဘူး...ရှူးတွေ ပေါက်ချလိုက်ပြီလား..."
သေးစိုနေသည့် ညဝတ်ကိုလဲကာ ရေချိုးခန်းထဲ အပြေးဝင်သွားပြီး ပလုပ်ကျင်းနေသည့် ရှောင်းကျန့်ကတော့ မဖြေနိုင်သေး။
ဆံပင်ရေစက်လက်ကို သုတ်ရင်း ဝင်လာတော့ ငယ်က သမီးငယ်လေးကို ရေဇလုံလေးထဲမှာ ရေချိုးပေးပြီး တဘက်နှင့်ပတ်ပေးနေပြီ။
"ဒီဒီ...ဘွား...မွ...မွ..."
အနားရောက်လာသော ဒက်ဒီ့ကို တမွမွနမ်းကာ ချော့နေသော အိန်ဂျယ်လေးကြောင့် ပြုံးနေတုန်း အခန်းဝမှာ အမွှာနှစ်ယောက်က မျက်လုံးလေးတွေ ပွတ်ပြီး ရောက်လာပြီ။
အမွှာနှစ်ယောက်ကို ရေနွေးစပ်ကာချိုးပေးပြီး ဝက်ပေါက်လေးတွေလို တဘက်နှင့်ထုပ်ကာ ကုတင်ပေါ် တင်ပေးလိုက်တော့ သမီးငယ်ကို အဝတ်လဲပေးရင်း မျက်စောင်းထိုး ကြည့်လာသည့် ပါးပါး။
STAI LEGGENDO
To Be With You_Season (2) Completed [ Z&U ]
FanfictionZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...