TBWY (S_2) 20

5.8K 451 34
                                    

Part (20) U

"တိုးတက်မှုကတော့ ဆေးရုံကို ပိုအားကိုးလာကြတယ်...ကာကွယ်ဆေးထိုးဖို့လည်း အရင်လောက် မတိုက်တွန်းရတော့ဘူး...​ကျန်းမာရေးအသိ ပိုရှိလာကြတယ် အကို...."

"ကြားရတာ ဝမ်းသာတယ်ကွာ...နယ်စွန်နယ်ဖျားဆို အတော်များများ လန့်နေကြတာ...ဒေသခံတွေခမျာ အုပ်ချုပ်မှုအရလည်း အလှမ်းဝေးတော့ တိုးတက်သင့်သလောက် မတိုးတက်ဘူး ဖြစ်နေတာ...တာဝန်ကြောင့်ပဲဖြစ်ဖြစ် တတ်နိုင်သလောက် စည်းရုံးကြရတာပဲ..."

"မနေ့ကတောင် အုပ်ချုပ်ရေးမှူးနဲ့ဆုံလို့ အကို့အကြောင်း သတိတရပြောမိကြသေးတယ်...တိုးတက်လာတာကို...ကျွန်တော်တော့ အကို့အတွက် အရမ်းဂုဏ်ယူတယ်..."

"အကိုကြောင့်ချည်းတော့ မဟုတ်ပါဘူး ...လက်တွဲညီညီ ကြိုးစားပေးခဲ့တဲ့ မြို့လူထုကြောင့်လည်း ပါပါတယ်..."

"ရိပေါ်လေးနဲ့ ကလေးတွေရော နေကောင်းကြတယ်မလား...လုလုနဲ့သားသားကတောင် မေးနေသေးတယ်..."

"ကောင်းပါ့ကွာ...အမွှာတို့က ပိုအဆော့သန်လာတယ်...ငယ်ကတော့ ဗိုက်လေးနဲ့ လုံးတစ်နေတာ...ယုချန်ရေ...ဆရာလော့အချိန်ရောက်ပြီ...ဖုန်းချလိုက်တော့မယ်...."

ဆရာလော့က ဆေးကျောင်းသားဘဝတုန်းက စည်းကမ်းကြီးသည့် ဌါနမှူး။ အခုတော့ အငြိမ်းစားယူပြီး ပညာတွေကို လက်လှမ်းမီသမျှ မျှဝေဖြန့်ဖြူးနေသူ။

"ဒီနေ့ကတော့ ဒီလောက်ပါပဲ...အဓိကပြောချင်တာက သင်ယူထားတဲ့ပညာတွေမကပဲ အတွေ့အကြုံနဲ့စေတနာပါ ထပ်ပေါင်းပြီး ရှေ့ဆက်ကြပါ လို့...ကိုယ့်တပည့်သားသမီးတွေအတွက် ဆရာအမြဲဂုဏ်ယူနေပါရစေ...ပြီးတော့ အသစ်ရောက်လာတဲ့ သူငယ်ချင်းကို ကြိုဆိုလိုက်ပါဦး..."

ဆရာလော့စကားလည်းအဆုံး ခြေသံခပ်ဖွဖွနှင့်အတူ ဝင်ရောက်လာတဲ့
ပြောင်လက်နေသော ရှူးဖိနပ်ထိပ်ဦး။

ချပ်ချပ်ရပ်ရပ် စတိုင်လ်ပင်နှင့် ရှပ်အစင်းကို လက်ခေါက်ထားပြီး နှုတ်ခမ်းပါးတွန်ရုံအပြုံးတစ်ခုနှင့် အားလုံးကို နှုတ်ဆက်ဟန် တစ်ချက်ဝေ့ကြည့်ရင်း မျက်ဝန်းများက တစ်နေရာတွင် ရပ်တန့်သွားလေသည်။

To Be With You_Season (2) Completed [ Z&U ] Where stories live. Discover now