Part (17) U
"အူးဝါး.....အူးဝါး...."
စူးစူးဝါးဝါးငိုနေသော ကလေးလေးက ရှောင်းကျန့် လက်ထဲမှာ ငိုသံတိတ်သွားတာမို့ ကလေးမိဘ ပေါက်စလေးတွေက မျက်လုံးပြူးလေးတွေနှင့် ကြည့်နေတာကို ပြုံးစစနှင့်ပင်.....
"ကလေးလေးတွေက နို့ဆာရင်လည်း ငိုတယ်...ဗိုက်ပြည့်သွားရင်လည်း ငိုတတ်တယ်...အဲ့လိုငိုတဲ့အခါ ဒီတိုင်းချော့သိပ်ရုံနဲ့ တိတ်မသွားတာမျိုး ဖြစ်တတ်တယ်...ကလေးကို လက်ဖဝါးပေါ် မှောက်ပြီး ကျောလေးကို ဖြည်းဖြည်းချင်း ပွတ်ပေးရင် နေရသက်သာသွားတယ်....အနေအထားမှန်မှန်လေးနဲ့ပေါ့....ဆရာ အခုပြသလိုမျိုး...."
"ဟုတ်...ဟုတ်ကဲ့ ဆရာ....ကျွန်မက နို့ဆာလို့ပဲ ထင်နေတာ....တိုက်တော့လည်း မစို့လို့...."
"သားဦးမဟုတ်လား...ဖြစ်တတ်ပါတယ်...မထိရဲမကိုင်ရဲ မချီနဲ့...သေချာလေးတော့ချီ...လည်ပင်းနဲ့ ခေါင်းလေးကို ထိန်းချီပေး....ကလေးခေါင်းကို ခါတာမျိုး... ရှေ့တိုးနောက်ငင် ချီယမ်းတာမျိုး မလုပ်မိပါစေနဲ့....ဦးဏှောက်လေးတွေက အနေအထားရွေ့တတ်လို့ အာရုံကြောပြဿနာ ရှိနိုင်တယ်...သတိလေးထားပေးပေါ့....."
"ဟုတ်ကဲ့ပါ ဆရာ....ကျွန်တော်တို့လည်း မိဘသာဖြစ်လာတာ...ဆရာပြောသွားတာတွေကို ဂရုစိုက်ရကောင်းမှန်း မသိခဲ့ဘူး...အများကြီးသတိထားရမှာပါ...ကျေးဇူးပါ ခင်ဗျာ...."
"သိထားပြီး ဂရုစိုက်ရင်ရပါပြီ.....ဆရာ သွားလိုက်ဦးမယ်...."
အသက်ငယ်ငယ်စုံတွဲလေးက ကျေးဇူးစကားပြောနေတာမို့ အားမနာစေဖို့ နှုတ်ဆက်ထွက်အလာ စုန့်လန်က ကော်ဖီနှစ်ခွက်ကိုင်ပြီး ရောက်လာတာမို့ နှစ်ယောက်သား ဆေးရုံပန်းခြံထဲက တန်းလျားမှာ အတူထိုင်ရင်း ကော်ဖီသောက်ရင်း စကားပြောဖြစ်ကြသည်။
"မင်း ဘယ်လိုစဥ်းစားထားလဲ...."
"ဘာလုပ်ရမှန်း ဝေခွဲမရဖြစ်လို့ မင်းကို ပြောပြနေတာပေါ့..."
"အခွင့်အရေးကတော့ မိုက်တယ်...ဘွဲ့လွန်သဘောမျိုး ဆက်တက်ရင်း ဆေးရုံကြီးတွေမှာ နေရမှာ ဆိုတော့...."
"အရင်ကလိုဆို သွားပြီးသားပဲ...အခုက မိသားစုရှိလာပြီ...ကလေးတွေက အရမ်းငယ်သေးလို့ ခေါ်သွားရင် ကူဖော်လောင်ဖက် ရှိမှ အဆင်ပြေမှာ....ငယ့်ကိုလည်း မပေါ့မပါးကြီးနဲ့ မထားခဲ့ချင်ဘူးကွာ....ဒါတောင် ဆေးရုံက ယုချန်လည်းရှိတယ်...အစားထိုးလည်းလွှတ်ပေးမှာဆိုတော့ တော်သေးတာ..."

ESTÁS LEYENDO
To Be With You_Season (2) Completed [ Z&U ]
FanficZhanYi ♥💚 M_preg S _1 ပြီးမှ S _ 2 ဖတ်ပါနော် (S_1) ကို အမွှာလေးတွေရဲ့ ဒက်ဒီနှင့်ပါးပါး မင်္ဂလာပွဲနဲ့ တစ်ခန်းရပ်နားခဲ့ပြီး (S_2) မှာတော့ အမွှာလေးတွေအတွက် ညီမလေးနှစ်ယောက်ရယ် အတွဲကိုယ်စီနှင့် အမွှာတို့ရဲ့ လေးလေးတို့တွေ ပျော်ရွှင်စွာ ဘဝခရီးလျှောက်လှမ်...