TBWY (S_7) 47 🎭

4.5K 377 27
                                    

Part (47) U

"ကျွတ်...ကျွတ်..."

"ကိုကြီးလု...ဘယ်လိုနေလို့လဲ...."

ခါးကိုအသာဖိရင်း စုတ်သပ်လိုက်တာမို့
စိုးရိမ်တကြီး မေးမိတော့ ကိုကြီးလုက အသာပြုံးပြကာ....

"အထဲမှာ ကန်နေလို့ ငယ်လေးရဲ့..."

"နီးလည်းနီးပြီကို...ဆေးရုံကြိုတက်မလားလို့ ကိုကိုကပြောနေတာ...နေသာရဲ့လား..."

"နေသာပါတယ်...ငယ်လေးရဲ့..."

"ဟန်ရေး....."

"သားသားတို့...ဟန်လေးကို မလှန့်ရဘူးလို့ ပြောထားတယ်လေ...."

"ရီရီရား...ဟန်ရေး ဗိုက်ထဲမှာ ညီမရေး တေးတေးရေး ရှိရယ်နော်..."

"ဘန်ဘန် ရုပ်တော့ဝူးနော်..."

ဖရဲသီးပန်းကန်ကိုင်ပြီး လိုက်လာသော ရိပေါ်က လုဟန် လန့်သွားမှာစိုး၍ ဟန့်မိခြင်းသာ။

ကြမ်းပြင်မှာ ပုံ့ပုံ့လေးထိုင်နေသော လုဟန်ဆီ ပြေးကပ်ထိုင်လိုက်သော လီလီက ပါးစပ်လေး လက်နှင့်အုပ်ရင်း ပြောတော့ ဘန်ဘန်ကပါ မျက်လုံးလေးပြူးကာ ဝင်ပြောတော့တာ။

"အမယ်လေး...တတ်နေကြတာ...ကလေးလေးလည်း အမွှာတို့အရွယ် တန်းရောက်သွားရင် ကောင်းမယ်..."

"မွှေချက်တွေက ကမ်းကုန်နေတာနော် ကိုကြီးလု...ချုံချင်းတုန်းကလည်း သူ့အဘိုးက တပြုံးပြုံးလုပ်နေတာ...ငယ်
ဆုပေးဒဏ်ပေးတွေ လုပ်ထားလို့ တော်သေးတာ..."

"ပြောပါဦး...မွှေတာလေးတွေ..."

"လူကြီးတွေက နှစ်အိမ်ပေါင်းပြီး မုန့်လုပ်စားနေတာ...ကလေးတွေ
ငြိမ်ချက်သားကောင်းလှပြီ ထင်နေတုန်း...ဦးလေးကျန်းတို့အိမ်က ခေါင်းအုံးတွေကို ဆရာဝန်လုပ်တမ်း ကစားထားကြတာ...drip သွင်းတာတဲ့...ခေါင်းအုံးတွေအကုန် ရေစက်လက်နစ်ပြီး အိမ်ကခေါင်းအုံးတွေ ညကြီး သယ်ပေးရပါရောလား..."

"ဘန်ဘန်ရ ဒွစ်ချိတ်ရာရေ..."

"တိုတိုဟာနူးရ ကြောတာ...​ဒေါင်းအုံးရ ရူနာရဲ့..."

"တွေ့လား...ကိုကြီးလု တူတွေ..."

လုဟန်က ချစ်စနိုးနှင့် ခေါင်းလေးတွေ ပွတ်ပေးတော့ သဘောတွေကျနေကြသည်မို့ နေ့ခင်းနိုးလာသည့် အိန်ဂျယ်လ်လေးကို မျက်နှာရေဝတ်သုတ်ပေးပြီး သွားခေါ်ခဲ့လိုက်သည်။

To Be With You_Season (2) Completed [ Z&U ] Onde histórias criam vida. Descubra agora