အခန်း◀၀၃▶

2.7K 308 4
                                    


အဖြေလွှာစာရွက်ကိုနောက်ဆုံးတစ်ခေါက်စစ်ပြီးချိန်မှာ သုံးနာရီပြည့်ဖို့နာရီဝက်နီးပါးလိုနေသေးသော်လည်း ညီမင်းညိုက ဆက်ထိုင်မနေတော့ပါ ။ ရသလောက်အကုန်ချဖြေပြီးခဲ့ပြီး ဖြေပြီးသမျှကိုလည်းကျေနပ်ပြီမို့ ဘောပင်ခဲတံပစ္စည်းပစ္စယတွေပါတစ်ခါထဲကောက်သိမ်းကာ အခန်းစောင့်ဆရာမဆီ အဖြေလွှာအပ်ပြီးသည်နှင့် အခန်းထဲကထွက်လာခဲ့တော့သည် ။

အခန်းအပြင်မှာထားသည့်ကျောပိုးအိတ်ထဲပစ္စည်းတွေပြန်ထည့် အခန်းအလွန်ထောင့်မကွယ်တကွယ်ကော်ရစ်ဒါမှာသွားရပ်ရင်း တစ်ချိန်လုံးအိပ်လိုက်မှောက်လိုက် လူငေးလိုက်လုပ်နေခဲ့ကာ အချိန်ဘယ်လောက်မှမကျန်ကာမှကုန်းရုန်းဖြေကောင်းဆဲဖြစ်သည့် ဇေယျာ့ကိုလှမ်းကြည့်၍ရယ်ချင်နေခဲ့ပါသည် ။

ဒီနေ့နောက်ဆုံးဘာသာဖြေသည့်ရက်မို့ ဖြေနိုင်တာမဖြေနိုင်တာတွေနောက်ထားကာ ညီမင်းညို ကစိတ်ကလေးအနည်းငယ်ပေါ့ပါးကြည်လင်နေပါသည် ။ တစ်ပတ်လုံး လူကောစိတ်ပါလက်ပန်းကျလုနီးအားထုတ်ခဲ့ရသည်ပဲ ။ အတန်းတင်စာမေးပွဲမဟုတ်သည့်တိုင် သုံးနာရီပြည့်စာမေးပွဲကြီးပုံစံဖြေရသည့် Pre-Test မို့ ပင်ပန်းတာချင်းကတော့အတူတူပါပေ ။

အိမ်ပြန်ရောက်လျင်တော့ ရေမိုးချိုး ထမင်းလေးကောင်းကောင်းစားကာ အနားယူဖို့ ညီမင်းညို စိတ်ကူးနေပါသည် ။ ဒါမှမဟုတ် ဒီတစ်ညလောက်တော့ ကိုကို့ကိုတောင်းဆိုပြီးအပြင်ထွက်ကာတစ်ခုခုစားရမလား ။

'' ဟိုလေ . . ညီမင်း . . ''

ဘေးဘီကိုအာရုံမရပဲ ခေါင်းငုံ့တွေးနေမိကာမျက်လွှာချထားမိသည့် ညီမင်းညို မြင်ကွင်းထဲကို ပန်းရောင်ဖိနပ်ထိပ်ဦးတစ်စုံကဆိုက်ဆိုက်မြိုက်မြိုက်ဝင်လာပါသည် ။

'' သြော် . . ''

မျက်ခုံးပင့်ကာရေရွတ်လိုက်မိသော်လည်း ညီမင်းညိုဘာပြောရမှန်းမသိပါ ။ ကျောပိုးအိတ်ကြိုးကိုတင်းတင်းဆုပ်ပြီး ညီမင်းညို ရှေ့မှာရပ်နေခဲ့သော ပန်းရောင်ဘီးကုပ်ကြီးကြီးတပ်ထားသည့် ဆံပင်ရှည်ရှည်ကောင်မလေးဟာ သူ့လိုပဲနေ့တက်ကျောင်းသူဖြစ်ကာ ညီမင်းညိုနှင့်တန်းခွဲတစ်ခုထဲစာသင်ရသည့်ကောင်မလေးဆိုတာကိုတော့ သူကမှတ်မိနေပါသည် ။

သက်ဆုံးတိုင်||completed||Where stories live. Discover now