အခန်း◀၂၉▶

1.5K 154 4
                                    




'' လာဦး . . ''

ဖယ်ရီကနေဆင်းကာ လမ်းလျောက်ပြန်လာသည့် ညီမင်းညိုကအိမ်ပေါ်တောင်မတက်လိုက်ရသေးခင် မြတ်ခေါင်ဘုန်းဆွဲခေါ်ရာနောက်ကိုပါလာရပါသည် ။

'' ဘယ်ကိုလဲကိုကိုရဲ့ မမကြီးတို့ကော . . ဥက္ကာကော''

'' ကျွတ် . . အဲ့မျောက်လောင်းလေးကိုပဲ တမနေနဲ့ မရှိဘူးတောထွက်သွားပြီ တစ်မိသားစုလုံး . . ''

'' ဟင် . . ဘယ်တောကိုထွက်သွားတာလဲ . . ''

'' မြစံဂူ . . ရှင်ပြုမယ့်ကျောင်းကိုသွားကြတယ် အကုန်လုံးပဲ ကဲ . . အလွမ်းသည်ပြီးရင် ထိုင်ကွာ ''

ပြောတဲ့စကားကိုကော ကိုကို့မျက်နှာပုပ်ပုပ်ကိုပါရယ်ချင်ကာ ညီမင်းညိုကကျောပိုးအိတ်လေးကိုချွတ်ရင်း ကိုကို့ဘေးဒါန်းနေရာလွတ်လေးမှာဝင်ထိုင်ရပါ၏ ။ ခေါင်ဘုန်းကစူပုပ်ပုပ်ရေရွတ်မြည်တမ်းနေပါသည် ။

'' တကယ်ပဲ သူတို့ရောက်ထဲက လူကိုအပိုင်စီးထားလိုက်တာ ဒီကကောင်ကကိုယ့်ရည်းစားကိုယ်တောင် မျက်နှာမမြင်ရတာကြာလို့ ဘယ်လိုပုံရှိလဲမေ့တော့မယ် ''

'' အဟားဟား . . ကိုကိုကပိုတာ . . ''

'' ဘာပိုတာလဲ . . ဟုတ်တယ် . . မွေးတုန်းကတခါပဲမြင်ဖူးတာကို . . တသက်လုံးပဲအတူနေလာသလို ချစ်ခင်ရင်းနှီးတွယ်ကပ်နေလိုက်တာ ''

'' ကိုယ့်တူကိုယ်များ ကိုကိုရယ် . . မနာလိုနေရတယ်လို့ . . ကိုကိုကရယ်ရတယ် . . ဒါနဲ့ကိုယ့်တူဆိုမှ ဥက္ကာက ကိုကျော်စွာတို့ဘက်ကိုမနွယ်ဘူးနော် . . ကိုကိုနဲ့တူတယ် . . ''

'' ဟင် . .''

ခေါင်ဘုန်းကမျက်ခုံးလေးပင့်လျက် ညီမင်းကိုပြုံးစိစိကြည့်မိရသည် ။ ခေါင်ပုလဲနဲ့တူတယ်မဟုတ်ပဲ မြတ်ခေါင်ဘုန်းနဲ့တူတယ်ဆိုသဖြင့်ရယ်ချင်သွားတာပင်။

'' ဟုတ်တယ် ကိုကိုရဲ့ ကိုကိုနဲ့တူတယ် . . အရပ်ရှည်တာ . . အသားဖြူတာ . . ပြီးတော့ဆံပင်လေးတွေလန်နေတာ . . တူတာတော့မမကြီးနဲ့တူတာဖြစ်မှာပေါ့ ဒါပေမယ့် မမကြီးကမိန်းကလေးဖြစ်နေတော့ သိပ်မသိသာပဲ ကိုကိုနဲ့ကျအရမ်းလာတူနေတာ . . မြတ်ခေါင်ဘုန်းအငယ်စားလေးကိုကြည့်နေရသလိုပဲ . . တချက်တချက်ကျ ဂျစ်ကန်ကန်လုပ်တတ်တဲ့ပုံကအစ တကယ့်ကိုကို့အချိုးအချိတ် ''

သက်ဆုံးတိုင်||completed||Where stories live. Discover now