'
'' ပဲပြုတ် . . . ''
ဆွဲဆွဲငင်ငင်အော်သွားသော လမ်းမထက်ကအသံဖြင့် သူမျက်လုံးတွေပွင့်လာသည် ။
မျက်လုံးတွေပွင့်လာတာသာဖြစ်လျက် အိပ်ယာကနိုးလာတာတော့မဟုတ်ပါချေ ။
သူအိပ်မှအိပ်မနေခဲ့ပဲ . . . အိပ်ဖို့ကြိုးစားပေမယ့် အိပ်လို့မှလည်းမပျော်ခဲ့ပဲ ။
မျက်လုံးပွင့်လျက်သား အိပ်ယာထဲမှာတလိမ့်လိမ့်သည် ။ ပက်လက်ကြီး မျက်နှာကျက်အမိုးဖြူ ဖြူ ကိုငေးကြည့်မိသည် ။
တညလုံးကြက်အိပ်ကြက်နိုးတလူးလိမ့်လိမ့်နဲ့ဖြစ်နေခဲ့ပေမယ့် . . မျက်လုံးတို့ကကြည်လင်လွန်းလှပါဘိ . . .
ငေးနေမိသော မျက်နှာကျက်အစား မနေ့ညကမြင်ကွင်းတွေကသာ အတွေးထဲမှာပေါ်လာပြန်၏ ။ အတွေးထဲတင်မက မျက်လုံးထဲမှာပါပြန်မြင်လာသည် ။
ဖျတ်ကနဲတဖက်ကိုလှိမ့်မိပြန်သည် ။ ခေါင်းအုံးထဲကိုအသက်ရှုကျပ်လာသည်အထိ မျက်နှာထိုးနှစ်မိသည် ။
မျက်နှာတွေတအုံနွေးနွေးပူကာ ရင်ထဲမှာတရှိန်းရှိန်းနွေးနေသည် ။ အခွင့်အရေးသမားကောင်ဟု ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်သည် ။ ညီ့ကိုအားနာသည် ။
ပြီးတော့. . အဲ့ဒီလောက်ခံစားချက်အစုံစုံနဲ့ ထူပူနေသည့်ကြားကပဲ . . .
ပျော်တယ် . . . .
ဟုတ်တယ် . . မြတ်ခေါင်ဘုန်း တကယ်ပဲပျော်နေပါတယ်. .
ဘယ်အချိန်ဘယ်ကာလထဲက ကိုယ့်ရင်ထဲသိုဝှက်ပုန်းအောင်းနေခဲ့မှန်းမသိတဲ့ ခံစားချက်တွေ မြေကြီးထဲကတိုးထွက်လာတဲ့ သစ်တစ်ပင်လိုဘွားကနဲပေါ်ထွက်လာတဲ့အချိန်မှာ ရှက်တာကောလန့်တာကော မယုံချင်တာကော နောက်ထပ်အမည်ဖော်မပြတတ်တဲ့ခံစားချက်တွေ . .
ဒါပေမယ့်လည်း အဲ့ဒီရှုပ်ထွေးနေတဲ့ ခံစားချက်တွေရဲ့ နောက်ဆုံးမှာ အင်အားအကြီးမားဆုံးနဲ့အထင်ရှားဆုံးကြွင်းကျန်ရစ်ခဲ့တဲ့အသိကတော့ . .
ညီ့ကိုမဆုံးရှုံးချင်ဘူး . . ဆိုတာပါပဲ . .
အဲ့ဒီအကြောက်တရားကိုလက်ခံလိုက်မိပြီးတဲ့နောက်မှာ မဖြစ်မနေတွဲကပ်ပါလာတဲ့နောက်ထပ်အရာတစ်ခုက . .