အခန်း◀၀၆▶

2.4K 257 2
                                    

ကြောင်စာထုပ်ကလေး တလှုပ်လှုပ်တယမ်းယမ်းကိုလက်မှာဆွဲကာလမ်းလျောက်လာနေရင်း ရပ်မလိုတုံ့မလို တဆတ်တောက်တောက်ဖြစ်နေသည့်ရှေ့ကကားကို ညီမင်းညိုကမျက်မှောင်လေးကျုံ့လျက်ကြည့်နေမိပါသည် ။

ဘာဖြစ်နေတာပါလိမ့် ......

ခပ်ဖြည်းဖြည်းချင်းလိမ့်သလိုသွားနေရင်းက တနေရာမှာတော့လုံးလုံးလျားလျားကိုတုံ့ရပ်သွားသည့်ကားကို သူကစောင်းငဲ့အကဲခတ်ကာ ဘေးနားကကျော်လာခဲ့သည် ။ ကားမှန်မည်းမည်းတွေနဲ့ကြည့်လည်းပဲအထဲကိုမြင်ရတာမှမဟုတ်တာကို ။

'' ဟေ့. . ဟေ့ . . ညီလေး . . ညီလေး . . အရှေ့က . .''

ပထမတော့ကိုယ့်ကိုခေါ်သည်မထင် ဒါပေမယ့်လည်း ညီမင်းညိုကခြေလှမ်းကိုအနည်းငယ်တုံ့နှေးစေကာ လည်ပြန်လှည့်ကြည့်လိုက်ပါသည် ။ ရပ်နေသည့်ကားဘေးမှာ တံခါးဖွင့်လျက်လူတစ်ယောက်ရှိနေခဲ့ပြီး သူ့ကိုလက်ယပ်ကာလှမ်းခေါ်နေပါသည် ။

'' ဟုတ် . . ဘာဖြစ်လို့လဲ . .''

'' ဟို . . ''. . . . . . '' ရပ်ကွက် ကဘယ်နားမှာလဲ ညီ . .''

'' ဒီဟာပဲလေ . . အစ်ကိုရောက်နေတာ ဒီရပ်ကွက်ပဲ ''

'' ဟာ ဒါဆို . . ၃ လမ်းကကောဘယ်ကိုသွားရမလဲ ညီ ''

သူမေးနေတာ ညီမင်းညိုတို့လမ်းပဲ ။

'' အခုဒီလမ်းမကြီးအတိုင်းဆက်သွား ရှေ့ကမြင်နေရတဲ့လမ်းမှာဘယ်ဘက်ချိုး ပထမဆုံးတွေ့တဲ့လမ်းကို ညာဘက် ''

စကားမဆုံးခင်တစ်ဖက်လူက ရယ်ကျဲကျဲဖြစ်လာကာ ခေါင်းကုတ်လိုက်သည်မို့ ညီမင်းညိုလည်း လမ်းညွှန်ရပ်သွားရပါသည် ။

'' ဒီဘက်ကလမ်းတွေက နည်းနည်းမျက်စိလည်တယ်နော် ကိုယ် ခုနက အဲ့ဘက်ရောက်ပြီးပြီ လမ်းပိတ်ကြီးဖြစ်နေလို့ပြန်ထွက်လာတာ . .''

'' အဲ့ဒါ အစ်ကို ၂ လမ်းထဲဝင်သွားတာဖြစ်မယ် အဲ့လမ်းကတစ်ဝက်မှာအပိတ် ''

တဖက်လူက ဘာမှဆက်ထွက်မလာပဲ ခေါင်းကုတ်ဖင်ကုတ်အီးအီးအဲအဲဖြစ်နေလျှင် သူလည်းသွားရမလိုမသွားရမလို ။

'' ဟိုလေ ညီ . . အပန်းမကြီးဘူးဆိုရင် . . ကိုယ့်ကိုလမ်းလေးတစ်ချက်လောက်လိုက်ပြပေးလို့မရဘူးလား . . ပြီးရင်ညီ့ကို အိမ်အထိကိုယ်ပြန်လိုက်ပို့ပါ့မယ် . . အကူအညီတောင်းပါတယ် ညီရာ . .''

သက်ဆုံးတိုင်||completed||Where stories live. Discover now