အခန်း◀၁၆▶

2K 206 7
                                    

'' ညီမင်း . . ညီမင်း ''

ဆိုင်ရှေ့မှာ ဟင်းထုပ်ဝယ်နေသော ဇေယျာကဆိုင်ထဲပြန်ဝင်လာကာ ညီမင်းကိုလက်လာတို့သည် ။ဖုန်းဆိုင်၏ ကောင်တာပေါ်လက်ထောက်လျက် wireless Headphone တစ်ခုကိုစစ်ဆေးကြည့်နေသော ညီမင်းညိုက လှည့်မကြည့်ပဲ ဟင် ဟုထူးလိုက်ပါသည် ။

'' မင်းအစ်ကိုကိုဟိုဘက်မှာတွေ့ခဲ့တယ် . . ''

ဖုန်းကနေ blue tooth ဖွင့်ကာ နားကျပ်အသံလာမလာစမ်းနေသည်မို့ ဇေယျာဘာပြောမှန်းသူမသိ ။ နားကျပ်နှစ်ဖက်ကိုနားမှခွာကာ ။

'' ဘယ်သူ? ''

'' မင်းအစ်ကိုပါဆို မြတ်ခေါင်ဘုန်းပေါ့. . မင်းမှာအစ်ကိုဘယ်နှစ်ယောက်ရှိလို့တုန်း . . ''

'' ဟမ် . . ကိုကိုလား . .''

ဒီတော့မှ သူထိတ်ကနဲပျာသွားပြီး Headphone ကိုပစ်ချလျက် ဆိုင်ရှေ့ကိုဝရုန်းသုန်းကားပြေးတော့သည် ။ တကယ်ပဲ တစ်ဆိုင်ကျော်က T-com ဆိုင်မှာ မြတ်ခေါင်ဘုန်းရှိနေခဲ့ကာ ကားပေါ်တက်အံ့လုဆဲဆဲ ။

'' ကိုကို့ . . ''

မမြင်မှာစိုးသဖြင့် ခြေကောလက်ပါမြှောက်ကာခုန်နေပြီး လှမ်းအော်သော ညီမင်းညိုကိုမြတ်ခေါင်ဘုန်းကလည်း မမြင်ပဲမနေနိုင်ပါ ။

ကားပေါ်တက်လုကိုယ်ဟန်ကိုတန့်ကာ အနားထိပြေးကပ်လာသော သူ့ကိုသာတအံ့တသြငုံ့မိုးကြည့်ရင်း ။

'' ညီ ? ဘာလုပ်နေတာလဲ တစ်ယောက်ထဲလား ''

'' နားကျပ်ပျက်သွားလို့အသစ်လာဝယ်တာကိုကို ဇေယျာလဲရှိတယ် . . ဒီဆိုင်လေ ဒါဇေယျာတို့ဆိုင် . . သူတို့ဆိုင်မှာလဲ ပစ္စည်းအသစ်တွေရောက်နေတာနဲ့ ဝင်ကြည့်နေတာ ''

'' အင်း . . သင်တန်းကကော ''

'' ပြီးပြီလေ . . အခုသင်တန်းကအပြန် ဇေယျာနဲ့တစ်ခါထဲလိုက်လာပြီး ဒီရောက်နေတာ . . ''

ညီမင်းညိုကလက်ကလေးနှစ်ဖက်နောက်ပစ်လျက် မြတ်ခေါင်ဘုန်းကိုပြုံးပြုံးကလေး မော့ငေးကြည့်ရင်း ။

'' ကိုကိုကော အခု အိမ်ပြန်မှာမလား . . ကျွန်တော်လိုက်ခဲ့မယ်နော် ''

'' အဲ . . အိမ်မပြန်သေးဘူး ညီ . . ငါအလုပ်ကိစ္စရှိသေးတယ် . . ကြာမှာ . . ကိုယ့်ဘာသာပြန်နှင့်မလား . . ''

သက်ဆုံးတိုင်||completed||Where stories live. Discover now