အခန်း◀၀၈▶

2.1K 241 0
                                    



'' ဟယ် . . လုံးလုံးရေ . .ဘယ်ပြေးတာတုန်း . . ကိုထိုက်. .လုပ်ပါဦး . . လုံးလုံး ခြံပြင်ထွက်ပြေးပြီ . .''

ဒီဘက်ကသပြေခြံထဲကိုဝင်ဖို့ ခြေတစ်လှမ်း နှစ်လှမ်းပင်ပြင်ပြီးနေပြီဖြစ်သည့် ညီမင်းညိုသည် တဖက်က ထွက်လာသည့်အသံစူးစူးကိုကြားလျင် ခြေလှမ်းကိုရပ်ကာ ဇဝေဇဝါလှည့်ကြည့်မိရပါသည် ။

-ဟင်-

နားရွက်ဖားကလေးတလှုပ်လှုပ်ဖြစ်အောင်ပြေးလာသည့် ခွေးညိုလေးတစ်ကောင်ကိုပါ မြင်လိုက်ရသည်မို့ အမှတ်မဲ့ ဆီးဖမ်းကာကောက်ချီလိုက်မိပြီးမှ . .။

'' ဟယ် . . ညီမင်း . .''

နောက်ကအပြေးလိုက်လာသည့် မိန်းကလေးမှာလည်း ညီမင်းညိုကိုအသေအချာမြင်သွားလျင် တအံ့တသြအသံလေးပင်ထွက်လာပါသည် ။

'' ပန်းနုရောင် ''

ညီမင်းညိုက လက်ထဲကချီထားသည့်ခွေးကလေးကိုမြှောက်ပြလိုက်ရင်း . .

'' ဒါ . . နင့်ခွေးလား . . ''

'' အေး . . အခုပဲဟာ ကားဝင်လာတုန်းက ခြံတံခါးပြန်မပိတ်ရသေးတာကို ငါတောင်ကားပေါ်ကမဆင်းရသေးဘူး အတင်းပြေးထွက်သွားတာ . . ဒီကောင်လေးဟာ လမ်းတော်တော်မက်တယ် ''

ညီ . . ဒီ ခွေးညိုလေးကိုမှတ်မိပါသည် ။ ကိုယ်တိုင်တောင် အဲ့ဒီခြံကိုသွားပြန်ပို့ခဲ့ရတာပဲကို ။ ဒါပေမယ့် ပန်းနုရောင်ကဒီခြံကိုဘာဖြစ်လို့ရောက်နေတယ်ဆိုတာ မသိ ။

'' ဒါနဲ့ . . နင်က ဒီကိုဘယ်လိုရောက်နေတာတုန်း . . ညီမင်း ဒါ နင်တို့ခြံလား ''

'' ဟင် သြော် မဟုတ်ဘူး ငါတို့အိမ်ကဟိုဘက်မှာ ဒီခြံက ဘုရားပန်းမှာထားတာ မေမေက ယူခိုင်းလိုက်လို့ . . နင်ကကော ပန်းနုရောင် . . ''

'' ဒါ ငါတို့အဘွားအိမ်လေ . . နင်မြင်ဖူးလားတော့မသိဘူး အဘွားတို့က ပြောင်းလာတာတော့သိပ်မကြာသေးဘူး. .ကြည့်စမ်း ဒါနင်တို့ရပ်ကွက်ဖြစ်နေမယ်လို့ ထင်တောင်ထင်မထားဘူး တိုက်တိုက်ဆိုင်ဆိုင် ''

ဟုတ်ပါရဲ့. . ညီမင်းလည်း အဘွားဒေါ်မြစိမ်းဟာ ပန်းနုရောင်အဘွားဖြစ်နေလိမ့်မယ်လို့ ယောင်လို့တောင်မတွေးမိဖူးတာ . . ဟုတ်သား အဘွားကပြောဖူးတာပဲ ဒီကောင်လေးက သူ့မြေးမွေးနေ့အတွက် လက်ဆောင်ဆိုတာ . . အဲ့ဒီတုန်းက ပန်းနုရောင်မွေးနေ့ကို ညီမင်းညိုတို့သွားခဲ့တာပင် သိပ်မကြာသေးဘူးမဟုတ်လား . .

သက်ဆုံးတိုင်||completed||Where stories live. Discover now