အခန်း◀၄၂▶

2.4K 158 1
                                    

''တလောကလုံးကပြစ်တင်ဝေဖန်ရင်တောင် ကိုယ်ကတော့ခွင့်လွှတ်ပြီးထွေးပိုက်ပေးနိုင်တဲ့လူကိုမှ မိသားစုလို့ခေါ်တာပါ . . ဘွားကမိသားစုမပီသခဲ့ဘူး အတ္တတွေ မာနတွေဖုံးပြီးကိုယ့်သားသမီးကိုတောင် ကောင်းရာကိုညွှန်ပြပါရက်နဲ့ မလိုက်နာရင်သူ့ထိုက်နဲ့သူ့ကံလို့ မျက်နှာလွှဲခဲ့တယ် . . အဆုံးသတ်က ဘယ်သူ့အတွက်မှမကောင်းခဲ့တာ သမီးတို့အသိပဲ . . ညီမင်းအမေအဖေတွေစောစောစီးစီး မသေသင့်ပဲသေရတယ် . . ညီမင်းလေးမိဘမဲ့ဖြစ်ရတယ် ဘွားလည်းသမီးတစ်ယောက်ဆုံးတယ်. .ဒါဟာဘွားရဲ့ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့်ဖြစ်သွားတဲ့ကိစ္စတွေပဲ . .''

'' မီးမို့လို့ပူပါတယ် မကိုင်ပါနဲ့လို့တားလည်း ငယ်သူတွေဆိုတာမိုက်မဲကြမှာပဲ . . တားမရလို့မီးခဲကိုမှ ကိုင်လိုက်ပါပြီတဲ့ ဘယ်သူမှနင့်အပြစ်နင်ခံလို့ပစ်မထားကြပါဘူးကွယ် . . ဆေးထည့်သင့်ရင်ထည့်ပေးရမယ် ဆေးရုံဆေးခန်းပို့သင့်ရင်ပို့ရမယ် . . ဒါကမှ လုပ်သင့်တဲ့အလုပ်ပါ . . ဘွားမှာဒီအတွေးမရှိခဲ့လို့ အခုနောင်တတွေပဲကျန်နေခဲ့ပြီ . .''

''ဒီလိုပဲပေါ့ ဒုက္ခတောပါလို့ညွှန်ပြနေရက်နဲ့ သုခထင်လို့သူတို့လျောက်မယ့်လမ်းကို နောက်မဆုတ်ကြတော့ဘူးဆိုရင် ပစ်ထားလိုက်ရမှာမျက်နှာလွှဲရမှာမဟုတ်ပဲ အဲ့ဒီသူတို့အထင်လေးပျက်သုဉ်းမသွားအောင် ပိုမှောင်တဲ့ပိုနက်တဲ့ချောက်ထဲကျမသွားအောင် ဘေးကနေထိန်းမကူညီပေးရမှာပါ . သမီးတို့ကိုဘွားလိုနောင်တတွေနဲ့မနေရစေချင်ဘူး . . ''

'' လူတွေအားလုံးကလက်ညှိုးထိုးကဲ့ရဲ့မယ့်လမ်းကိုရွေးခဲ့ရင်တောင် သူတို့ကိုနားလည်ပေးပြီးရှေ့ကမားမားမတ်မတ်ကာကွယ်ပြီးစောင့်ရှောက်ပေးမယ့် မိသားစုဖြစ်ပေးလိုက်ပါသမီးရယ် . .လူ့သက်တမ်းဟာဘယ်လောက်များရှိတာမို့လို့လဲ သူတပါးကိုမထိခိုက်တဲ့စိတ်ချမ်းသာမှုနဲ့ဘဝခရီးလမ်းကိုသူတို့ရွေးပါစေ''

ကြိုသိခဲ့လို့များပြောခဲ့တဲ့စကားတွေလားထင်ရသည်။အဘွားဒေါ်မြစိမ်းဆီက ဒီစကားတွေကြားခဲ့စဉ်တုန်းက ပုလဲဘာမှမသိသေးတာအမှန်ပါပဲ။သက်ကြီးဝါကြီးတစ်ယောက်ရဲ့ဆုံးမစကားအဖြစ်သာနားထောင်ခဲ့တာ။အခုပြန်စဉ်းစားကြည့်တော့ ဒီအခြေအနေတွေကိုကြိုမြင်လို့များ ပုလဲကိုစောစောစီးစီးတင်ကြိုနားချခဲ့လေသလား။

သက်ဆုံးတိုင်||completed||Where stories live. Discover now