အခန်း◀၃၆▶

1.6K 147 1
                                    





အလုပ်ကနေခပ်စောစောအိမ်ပြန်လာပြီး ငြီးစီစီကြီးဖြစ်နေတာမို့ ရေမိုးချိုးပစ်လိုက်ပြီးလျင် ကော်ဖီတစ်ခွက်လောက်ဖျော်သောက်မလားအတွေးနဲ့ခေါင်ဘုန်းထမင်းစားခန်းထဲဝင်လာသည့်အခါ မေမေကထမင်းဝိုင်းမှာတစ်ယောက်တည်းထိုင်နေပါသည်။

'' ထမင်းစားတော့မလို့လား သား . . ''

'' မေမေစားနေတာလား . . ဒါဆိုစားမယ် တစ်ယောက်ထဲဆိုပျင်းလို့ . .ကော်ဖီပဲသောက်မလားလို့''

ပန်းကန်စင်ပေါ်က ပန်းကန်တစ်ချပ်ကိုဆွဲကာ ထမင်းခူးထည့်ပြီး ခေါင်ဘုန်းကမေမေနဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ပါသည်။

'' ဖေဖေကောစားပြီးပြီလား . . ''

'' နင်တို့အဖေ သူ့အပေါင်းအသင်းတွေလာခေါ်လို့အပြင်ထွက်သွားပြီ . . အပြင်မှာပဲစားလာလိမ့်မယ် စောင့်မနေနဲ့တော့ . . ''

'' မေမေ့သားကော . . ''

'' သားငယ်လေး အထုပ်ပြင်နေတယ် . . သူ့အဘွားအိမ်သွားနေမလို့တဲ့ ''

'' ဗျာ . . ''

မြတ်ခေါင်ဘုန်းသည် မေမေ့စကားကိုကြားလျင် ပါးစပ်ထဲထည့်လုနီးထမင်းလုပ်ပင်ပြုတ်ကျတော့မလောက်လန့်သွားရကာ အမောတကော။

'' အဘွားအိမ်မှာ? ဘာလုပ်ဖို့သွားနေမှာတဲ့လဲ?ဘယ်လိုနေမှာလဲ?ညပါအိပ်မှာလား? အိမ်ပြန်မလာဘူးလား? ''

'' သြော် ဟယ် ကိုဘုန်းရယ် ဘာလုပ်ဖို့ရယ်မဟုတ်ဘူးပေါ့ . . အခုနှစ်ဝက်စာမေးပွဲပြီးတော့ကျောင်းလဲပိတ်ထားပြီ မဟုတ်လား . . သူ့အဘွားကိုအဖော်လုပ်ပြီးသွားနေပေးမှာနေမှာပေါ့ . . ညအိပ်တော့ကောဘာဖြစ်လဲ တလမ်းထဲနေတာ ဘယ်အချိန်ပဲဖြစ်ဖြစ်ကောက်ပြန်လာလို့ရတာပဲ ''

စိတ်ထဲမှာတော့ အကြီးအကျယ်အပြင်းအထန် ကန့်ကွက်အော်ဟစ်တားမြစ်နေပြီး အပြင်မှာတော့မေမေ့ကိုလည်းကြောက်ရသေးတာမို့ မျက်နှာခပ်ပုပ်ပုပ်နဲ့ပဲ

'' နေ့ခင်းဘက်သွားနေပေါ့ . . ညကဘာလုပ်ဖို့ . . အိပ်မှာလဲ . . ''

မကန့်ကွက်သာကန့်ကွက်သာအထွန့်တက်လေလျင်။

သက်ဆုံးတိုင်||completed||Where stories live. Discover now