အခန်း◀၃၉▶

1.7K 152 1
                                    


လေအေးပေးစက်အသံသဲ့သဲ့မှလွဲ၍ အခန်းကတိတ်ဆိတ်နေသည်။နံရံကပ် TV ၊ ရေခဲသေတ္တာ ၊အိစက်ထူထဲသည့် ဆိုဖာခုံများ ၊ ဟိုတယ်ခန်းတစ်ခန်းလို သန့်ပြန့်ခမ်းနားနေတဲ့ အထူးကုဆေးရုံကြီးရဲ့အခန်းဟာ ဆေးရုံပါလို့သတိပေးနေသလိုပိုးသတ်ဆေးနံ့တပျံ့ပျံ့ကိုတော့မဖုံးလွှမ်းနိုင်။

စာအုပ်တစ်အုပ်ကိုငုံ့ဖတ်နေရာက ညီမင်းညိုမော့ကြည့်မိသည့်အခါ ကိုကိုကမျက်လုံးတွေကိုမှိတ်လို့ငြိမ်နေခဲ့သည်။

ကိုကို အိပ်ပျော်နေသလား . .

ကုတင်ပေါ်မှာငြိမ်ငြိမ်သက်သက်လဲလျောင်းနေတဲ့ကိုကို့ကိုစာအုပ်ကိုချပြီး ပေါင်ပေါ်မေးထောက်လျက်သူငေးကြည့်နေမိသည်။ပွချောင်ချောင်အကျီ ၤ ကြောင့်ပဲလား။ကိုကို့မျက်နှာလေးကပိုပြီးပိန်သွယ်နေသလို။

ခြေသံမကြားအောင်ထလာခဲ့ကာ ကုတင်ဘေးမှာခပ်ဖြည်းဖြည်းလက်ထောက်လျက် အနီးကပ်ငုံ့ကြည့်မိတော့ ကိုကို့ မျက်လုံးအောက်က အမဲချိုင့်ရာကပိုပြီးထင်ရှားလာသည်။

သူငုံ့ငေးစိုက်ကြည့်နေတုန်းမှာပဲ ကိုကို့မျက်ခွံလေးတွေလှုပ်လာသည်။အကြည့်ကိုမလွှဲဖယ်ပဲ ကိုကို့မျက်ဝန်းတွေသူ့ဆီရောက်လာတဲ့အထိ ညီမင်းညိုစောင့်နေလိုက်သည်။

ပြီးတော့ ကြိုတင်စီစဉ်ထားတဲ့အပြုံးတစ်ခုကိုလည်း အဆင်သင့်ပြုံးပြလိုက်နိုင်သေးသည်။

'' အိပ်ပျော်လား ကိုကို . . ''

ကိုကိုခေါင်းလေးကိုဖြည်းဖြည်းညိတ်ပြသည်။ခပ်သဲ့သဲ့ပြုံးနေသည့် ကိုကို့နှုတ်ခမ်းလေးတွေက ခြောက်ကာဖြူဖတ်ဖတ်ဖြစ်နေပါ၏။ကိုကို့အသံက တိုးလျလျအက်ကွဲကွဲ။အိပ်ယာထစမို့ဖြစ်မှာပါလေ။

'' အိပ်ရလွန်းလို့ ခေါင်းတွေတောင်မူးနေပြီ . .''

'' နားလို့ရတုန်းနားပေါ့ ကိုကိုရ . . မဟုတ်ရင် ကိုဝဏ္ဏတို့ကကိုကို့ပဲအလုပ်တွေလှိမ့်ခိုင်းနေတာ . .''

'' ဟင်း ဟင်း . . တမင်တကာခိုင်းတာတော့မဟုတ်ပါဘူး သူလည်းကလေးတစ်ဖက်နဲ့ ဖင်ဓါးယမ်းနေတာပဲ ''

သက်ဆုံးတိုင်||completed||Where stories live. Discover now