အခန်း◀၄၀▶

2.3K 165 1
                                    

.

စပျစ်သီးပန်းကန်နဲ့တစ်ရှုးစက္ကူဘူးကိုယူကာ ကုတင်ဘေးခုံလေးမှာ နောက်တစ်ခါထိုင်မိချိန်မှာတော့ နှုတ်ခမ်းတွေပြုံးလျက်သားဖြစ်နေအောင် ကြိုးစားဖို့သူလက်လျော့ထားလိုက်တော့သည်။

'' ကိုကို အစေ့တွေထွေး . . ''

'' ဟား . . ဟား . . တကယ့်လူမမာကြီးကျနေတာပဲ ငါထနိုင်ပါတယ် အဲ့လောက်ကြီးပြုစုစရာမလိုပါဘူး ညီရာ . . ''

ကိုကို့နှုတ်ခမ်းမှာ တစ်ရှုးစလေးတေ့ပြီးစပျစ်သီးစေ့တွေခံယူမိတော့ ကိုကိုရယ်တော့သည်။

'' လိုတာပေါ့ . . ဘာလို့မလိုရမှာလဲ . . ကိုကိုအခုဘယ်လောက်နေမကောင်းဖြစ်နေတယ်ဆိုတာ ကိုယ့်ဟာကိုယ်မသိဘူးလား . . ''

ရုတ်တရက်လှိုက်တက်လာတဲ့ ဝမ်းနည်းဒေါသနဲ့ကိုကို့ကိုအော်မိပြီးမှ သူနေရာကနေ ကမူးရှုးတိုးထမိသည်။ဟင့်အင်း . . မျက်ရည်တွေကိုကိုမမြင်စေနဲ့ . . ကိုကို့ကိုအားမငယ်စေနဲ့ . .

ဆေးသွင်းပိုက်တွေသွယ်မထားသောလက်တစ်ဖက်နဲ့ကိုကိုက ထရပ်မိတဲ့သူ့လက်ကောက်ဝတ်ကိုအမိအရဖမ်းဆွဲထားခဲ့သည်။

'' ညီ . . ဟောဗျာ . . ငိုနေတာလား . . ''

တအံ့တသြရယ်မြူးသောကိုကို့လေသံကိုကြားတော့မှ သူ့ပါးပြင်ပေါ်မှာပူနွေးနေတဲ့မျက်ရည်တွေ လိမ့်ဆင်းနေခဲ့ပြီဆိုတာသူသတိပြုမိတော့သည်။

'' ဟင့်အင်း ''

အနည်းငယ်ရှက်ကိုးရှက်ကန်းနိုင်စွာငြင်းဆန်မိသောသူ့ကို ကိုကိုကကုတင်နားပြန်ရောက်လာအောင်ဖြည်းဖြည်းချင်းဆွဲယူသည်။ဒီလိုကျတော့လည်း ကိုကို့လက်တွေမှာအင်အားရှိသေးသားပဲ။

'' ညီရယ် . .''

ချော့မော့သလိုတိုးလျလျကိုကို့လေသံလေးကိုကြားတော့မှ သူပိုဝမ်းနည်းလာကာ တင်းထားသမျှလျော့ချလိုက်သည့်မျက်ရည်တွေကလည်းအလုအယက်ပြိုဆင်းလာကြတော့သည်။

'' ကိုကိုမသေပါနဲ့ . . ''

ကိုကို့လက်တစ်ဖက်ကိုပြန်ဆုပ်ကိုင်ကာပါးနဲ့အပ်ရင်းမျက်ရည်တွေနဲ့ဗလုံးဗထွေးငိုရှိုက်ကာအနည်းငယ်အူကြောင်ကြောင်နိုင်စွာပင် တောင်းပန်မိသည်။

သက်ဆုံးတိုင်||completed||Where stories live. Discover now