အခန်း◀၂၅▶

2.3K 182 14
                                    



'' ညီ . . ''

ပုံဆွဲခဲတံတချို့ရွေးချယ်နေရာမှ ညီမင်းညိုမော့ကြည့်လိုက်လျင် ။

'' သြော် . . ''

သူ့ဘေးနားတွင်ကပ်လျက်ရပ်နေသော ထိုက်တန်က ညီမင်းညိုကိုငုံ့ကြည့်ပြုံးပြနေခဲ့ပါသည် ။

'' ကိုထိုက်တန် . . ဘာလာဝယ်တာလဲ ''

ထိုက်တန်က လက်ထဲမှာကိုင်ထားသည့် အားကစားသတင်းဂျာနယ်ကိုမြှောက်ပြရင်း ။

'' ဂျာနယ်ဝင်ဝယ်တာ . . ညီ့ကိုတွေ့လိုက်လို့ . . ''

'' ဟုတ် . . ပုံဆွဲခဲတံလိုလို့အစ်ကို . . ''

ပိုက်ဆံရှင်း ခဲတံကိုအိတ်ထဲထည့်ပြီး ဆိုင်ထဲကအတူတူထွက်လာသည့် ထိုက်တန်ကို ညီမင်းညိုကခပ်ပြုံးပြုံးလှည့်ကြည့်မိသည် ။

'' အစ်ကိုနဲ့မတွေ့တာတောင်ကြာပြီ . . ''

'' ဟုတ်တယ် . . ကိုယ်အဘွားဆီလဲ သိပ်မရောက်လို့ . .''

'' ဘွား သိပ်နေမကောင်းဘူး . . ဟိုတလောကဆို သွေးတွေတောက်လျောက်တိုးတာ အိပ်ယာထဲကကိုမထနိုင်ဘူး''

'' အဲ့ဒါတော့ သိတယ် . . အိမ်ကမေမေတို့လည်း သွားမေးရသေးတာမို့လို့ . . ''

ထိုက်တန်မှာ ကားဘေးမှာရပ်လျက်ကပင် သူ့ကိုမော့မော့ငေးငေးကြည့်နေသည့်ညီမင်းကို နှုတ်မဆက်နိုင်သေးပဲ နှမျောတသခပ်စိုက်စိုက်ငေးကြည့်နေမိပါသည် ။

မတွေ့တာတောင်ကြာပြီတဲ့ ။ တကယ်ပဲမတွေ့ရတာကြာပါပြီ ။ သတင်းစာကော ဖတ်နေကျဂျာနယ်တွေပါ အိမ်ကိုပဲလစဉ်ယူထားတာမို့ သူအပြင်မှာဂျာနယ်ဝယ်လေ့မရှိပါ ။ လမ်းမပေါ်ကဖြတ်သွားရင်း ဒီဆိုင်ထဲကိုဝင်သွားတဲ့ ညီမင်းညိုကိုအမှတ်မထင်တွေ့လိုက်တာမို့ တွေ့ရာနေရာကားထိုးရပ်ပြီး ဆိုင်ထဲကပျာကယာလိုက်ဝင်လာခဲ့ရတာ ။

တွေ့ခွင့်ရလိုက်လို့ဘယ်လောက်ပျော်သွားရတာလဲ ။ အချိန်တော်တော်ကြာ ကိုယ်ပြောထားတဲ့စကားတစ်ခွန်းကြောင့် လူမသိသူမသိကိုယ့်ဟာကိုယ်မျက်နှာတွေပူပြီး ညီ့ကိုလာမတွေ့ရဲခဲ့တာ ။ အဘွားတို့အိမ်ကိုတောင်အရင်ကလောက်အရောက်အပေါက်မများမိတော့ ။

သက်ဆုံးတိုင်||completed||Where stories live. Discover now