အခန်း◀၃၇▶

1.6K 152 0
                                    




'' နင့်မောင်အလုပ်ရှုပ်နေတယ် သမီးရဲ့ . . ဘာဖြစ်လို့တုန်း . . ''

'' . . . . . ''

'' အေးပါ . . အေးပါ . . ခဏနေဦး . . ''

ဧည့်ခန်းထဲကနေကြားနေရသောစကားသံတွေက တရွေ့ရွေ့နီးလာကာ အိပဲ့ပဲ့တုံ့နှေးနှေးနဲ့ပဲ မီးဖိုချောင် ပန်းကန်ဆေး လက်ဆေးသုံးသည့်ဘေစင်ဘေးမှာ ပိုက်ဆက်တွေဖြုတ်ဆေးနေသည့် ခေါင်ဘုန်းဘေးကိုခြေသံတဖျတ်ဖျတ်ဖြင့် မေမေရောက်လာသည်။

'' နင့်အစ်မ သားကြီး . . ဖုန်းကိုင်လိုက်ဦး . . ''

'' လက်တွေပေနေတယ် . . မေမေရဲ့ ''

'' အဲ့ဒါတွေခဏထားပြီးကိုင်လိုက်စမ်းပါ သားရယ် . . ပုလဲတစ်ယောက်ဟာ ဘာတွေဂျီကျနေမှန်းကိုမသိဘူး . . ''

မြတ်ခေါင်ဘုန်းကသက်ပြင်းတစ်ချက်ကိုချကာ ပေရေစွတ်ဆိုနေသည့်လက်တွေကို ဘေးကအဝတ်စုတ်မှာပွတ်သုတ်ပြီး ဖုန်းကိုလှမ်းယူလိုက်ရပါသည်။

'' အင်း . . မမ ပြော . . ''

'' နင်ဘာလုပ်နေလို့ဖုန်းမကိုင်တာလဲ . . ''

အမ်း . . . လာပြီ . .

'' မမဖုန်းခေါ်နေလို့လား . .''

'' ခေါ်နေတာပေါ့ . . ဘယ်နှစ်ခေါက်ရှိနေပြီလဲ . . နင်ဘယ်ရောက်နေတာလဲ ''

'' အိမ်မှာပါပဲ . . ဘေစင်ရေပိုက်စို့နေလို့ ပြင်နေတာ . . ဖုန်းကအခန်းထဲမှာကျန်ခဲ့လို့ . . မမဘာအရေးကြီးလို့လဲ ''

'' ဟဲ့ . . ငါကအရေးတကြီးကိစ္စရှိမှ အိမ်ကိုဖုန်းဆက်ရမှာလား . . ''

ခေါင်ပုလဲရဲ့မလုံမလဲ လေသံကို ဒီတစ်ခါတော့မြတ်ခေါင်ဘုန်းကမအောင့်အီးနိုင်ပဲ အသံကျယ်ကျယ်ရယ်ချပစ်လိုက်မိရင်း။

'' လုပ်မနေပါနဲ့ မမရယ် . . ပြော ဘာလဲ . . ကျွန်တော်ဘာလုပ်နေလဲ ညီမင်းဘာလုပ်နေလဲ လှမ်း check တာမဟုတ်လား . . မဟုတ်ရင်မမဘယ်တုန်းကအိမ်ကိုအလကားနေဖုန်းလှမ်းဆက်နေတတ်လို့လဲ ''

'' မဟုတ်ပါဘူး . . ''

'' ဘာမဟုတ်တာလဲ . . ''

'' သြော် မဟုတ်ပါဘူးဆို . . နင်နဲ့ငါနဲ့ဒီအကြောင်းအကျေအလည်ဆွေးနွေးပြီးသားမဟုတ်လား . . ဘာထပ်ပြောစရာ လှမ်းစစ်နေစရာလိုသေးလဲ . . အဲ့ဒီကိစ္စကပြီးသွားပြီ ''

သက်ဆုံးတိုင်||completed||Where stories live. Discover now