အခန်း◀၂၈▶

1.7K 149 3
                                    



ညီမင်းညိုနိုးလာသောအချိန်မှာ ဖွင့်ထားနှင့်ပြီဖြစ်သောပြတင်းပေါက်မှ နေရောင်ခြည်ကတစ်ခန်းလုံးကိုပင် ပျံ့နှံ့လင်းဖြာနေခဲ့ပြီ ။ အခန်းတွင်းလေထုက နေရောင်ဖြင့်နွေးထွေးကာတောက်ပလျက် ။

မျက်တောင်လေးတွေနှစ်ချက်သုံးချက်ဆင့်ခတ်မိတော့ ကုတင်ဘေးမှာရှိနေသည့်အရိပ်လေး ကထင်ရှားလာသည် ။ ညီမင်းညိုကရှက်နိုးလှိုက်ဖြာစွာ ကုတင်ပေါ်တစ်ပတ်လှိမ့်ပြီး ခေါင်းအုံးထဲမျက်နှာနှစ်လျက်ပြုံးမိရသည် ။ဘယ်အချိန်ထဲကများအနားမှာရောက်နေခဲ့ပါလိမ့် . . ကုတင်စွန်းမှာ လက်တင်ကာမေးထောက်လျက် သူ့ကိုမမှိတ်မသုန်ကြည့်ငေးနေခဲ့သော ကိုကိုရယ်လေ. .

'' နိုးရင်လဲ ထလေ . . ပြန်နှပ်မနေနဲ့ . . ''

'' . . ဘယ်နှစ်နာရီရှိပြီလဲ ကိုကို . . ''

'' ကိုးနာရီတောင်ထိုးတော့မယ် . . ''

'' ဟင် . . ''

တအံ့တသြခေါင်းထောင်ကာကြည့်မိသည် ။ ဟုတ်ပါရဲ့ ဒါလောက်နေရောင်ဆို အနည်းဆုံး ရှစ်ခွဲကိုးနာရီပဲပေါ့ ။ အိပ်ယာထဲကလူးလဲထကာ ခပ်ငူငူထိုင်နေမိသည့် ညီမင်းကို ကိုကိုက ခပ်ငေးငေးကြည့်နေသည် ။

'' ညီ နေကောင်းရဲ့လား. . ''

'' ဟင် . . ကောင်းပါတယ်ကိုကို အိပ်ရေးဝလို့လားပဲ မူးနေတာတောင်မရှိတော့ဘူး ''

'' အရမ်းအိပ်နေလို့ . . ကိုကိုထိုင်ကြည့်နေတာကြာပြီ . . လုံးဝလှုပ်တောင်မလှုပ်တာ . . ''

'' . . . . . ''

'' သတိတွေဘာတွေ . . မေ့နေတာများလားလို့တောင်ထင်မိတယ် . . ''

ကိုကို့အသံကခပ်တိမ်တိမ် ။ ကျွန်တော့်ကိုစိတ်ပူနေတာလား ကိုကိုရေ . . ။ မျက်လုံးမှိတ်လိုက်ကတည်းက အခုပြန်ဖွင့်တဲ့အချိန်ထိ ကြားထဲကအချိန်ကာလကို ပြန်စဉ်းစားလို့လုံးလုံးမရတာတော့အမှန်ပေမယ့် ညီမင်းညိုကကိုကို့ ကိုတော့ ကြည်ကြည်စင်စင်ပဲပြုံးပြဖြစ်ပါသည် ။

'' အိပ်ပျော်သွားတာပါ ကိုကိုရယ် . . ''

''အဲ့ဒါကြောင့် ညီ့ကိုသူငယ်ချင်းတွေနဲ့မလွှတ်ချင်တာ ညက ငါမပါရင်ဘယ်လိုလုပ်မလဲဟင် . . အဲ့လောက်နေမကောင်းဖြစ်တဲ့ပုံစံနဲ့ ''

သက်ဆုံးတိုင်||completed||Where stories live. Discover now