အခန်း◀၀၄▶

2.4K 292 3
                                    





'' ဟယ် . . ဘာတွေလုပ်လာတာလဲ ညီမင်း လက်ဆောင်မလိုပါဘူးလို့ပြောရဲ့နဲ့ . . ဒုက္ခပါပဲဟယ် . .''

အသင့်ထည့်အလှဆင်စက္ကူ လက်ဆွဲဘူးကလေးတစ်ဘူးကိုကမ်းလိုက်လျင် ပန်းနုရောင် ဆီမှအားတုံ့အားနာငြင်းဆိုသံထွက်ပေါ်လာလေသည် ။

'' ဘာမှမဟုတ်ပါဘူး ပန်းနုရောင် . . ကျောက်စီပန်းချီကားလေးပါ . .လက်ဆောင်ရယ်မဟုတ်ပါဘူး အမှတ်တရပေါ့ဟာ . . ''

မငြင်းသာသဖြင့် လက်လှမ်းယူရသော ပန်းနုရောင်၏ မျက်နှာသည် အားနာခြင်းနှင့်တခြားသော အရိပ်အမျိုးမျိုးယှက်ဖြာလျက် တကယ်ပဲပန်းနုရောင်လေးလင်းလဲ့ကာတစ်မျိုးလေးဖြစ်နေပါသည် ။ မွေးနေ့ရှင်မို့ ခြယ်သထားသည့်အလှအပ အဆင်အယင်တို့ဖြင့် မြင်နေကျကျောင်းဝတ်စုံနှင့်မဟုတ်ပဲ ထူးခြားပြောင်းလဲလှပနေသော ပန်းနုရောင်ကို ဇေယျာနှင့် သူရိန်တို့ကငေးမဆုံး ။ ညီမင်းညိုလည်း ပန်းနုရောင်လှနေသည်ကိုအသိအမှတ်ပြုမိတာပါပင် ။

'' ထိုင်ကြလေ . . စားကြနော် . . နေဦးအလယ်တည်ဟင်းချိုကအေးနေရောပေါ့ ငါအသစ်ထည့်ပေးမယ်. . ခဏလေး ''

ဟိုကိုင်မလိုဒီကိုင်မလို ချိတ်ထမီစကပ်တုတ်တုတ်ဖြင့်ပန်းနုရောင်တစ်ယောက် ကပျာကယာပြေးဖို့ပြင်လေလျင် သူရိန်ကရယ်ကာမောကာ .....

'' အမလေး ဒေါ်ပန်းနုရောင်ရဲ့ နေပါ နေပါ ငြိမ်ငြိမ်လေး ထမိန်တုတ်ပြီးချော်လဲနေပါ့မယ် ငါတို့ကိုယ့်ဘာသာထည့်စားလို့ရပါတယ် တကူးတကဧည့်ခံစရာမလိုပါဘူး ''

'' ဟယ် အဲ့လိုဘယ်ဟုတ်မလဲ နင်တို့ကလည်း . .''

'' ဟုတ်ပါတယ် ဟုတ်လိုက်ပါ ပြီးတော့ငါတို့အခုလည်းမစားသေးဘူး နင်တို့အလှူ ကိုကူဦးမှာ လူလည်းနည်းနည်းစဲ ငါတို့လည်းဗိုက်ချောင်လာတော့ပိုစားလို့ဝင်တာပေါ့ဟ ''

တကယ်လည်း သူတို့သုံးယောက်ကအဲ့ဒီလိုပဲတိုင်ပင်ခဲ့ကာတမင်တကာကိုစောစောထွက်လာတာပင် ။ သူရိန်နှင့်ဇေယျာကတတွဲ ညီမင်းညို အိမ်ကိုရောက်လာ ။ ညီမင်းညိုအိမ်ကမှတစ်ဆင့် ပန်းနုရောင်တို့အိမ် သူတို့ရောက်ချိန်ဟာ မနက်ရှစ်နာရီပင်တင်းတင်းမထိုးချင်သေးပါ ။

သက်ဆုံးတိုင်||completed||Where stories live. Discover now