အခန်း◀၁၄▶

1.9K 200 3
                                    

_

'' ဟင့်အင်း မေမေ ကျွန်တော်ကတော့သဘောမတူဘူးဆိုတာပြောထားပြီးသားပဲကို ''

ပေတေတေကပ်တတ်တတ်လုပ်နေကာ ခေါင်းငုံ့လျက်ဂျစ်ကပ်ပေစောင်းရုပ်ပေါက်နေသော သားကိုဒေါ်ခေါင်ဘုန်းသွယ် သက်ပြင်းကြီးချလျက်သာကြည့်မိတော့သည် ။

ဒါငြင်းနေလို့ပြီးတဲ့ကိစ္စမဟုတ်တာ မသိသလိုဖုံးဖုံးဖိဖိနေလိုက်လို့ပြီးတဲ့ကိစ္စမဟုတ်တာ သူလည်းအသိသိနဲ့မျက်စိစုံမှိတ်ကာ သဘောမတူဘူးဇွတ်အော်နေသော ခေါင်ဘုန်းကိုစိတ်ပျက်ခြင်းတစ်ဝက် သနားခြင်းတစ်ဝက် ။

'' သားကြီးရဲ့ . . နင့်ဟာက ဒီအတိုင်းထားလို့ပြီးသွားမယ့်ဟာမဟုတ်ဘူးလေ . . ညီမင်းအတွက်လည်းကြည့်ရဦးမယ် မသိရင်တစ်မျိုး . . ခု ဒါဟာ သူ့သွေးသားမှန်းသိနေပြီဟာကို ရေငုံနှုတ်ပိတ်နေလို့မှမဖြစ်တာ ''

'' မေမေပဲပြောတာလေ . . ပြောပြလည်း အဲ့ဒီဖက်က ယုံပါ့မလားမသိဘူးဆို သူတို့ကသူဌေးတွေမို့ အမွေမက်ပြီးခွင်လာဖန်တယ်ထင်ရင်အခက်ဆို . . အဲ့ဒါဘာလို့ပြောပြနေမှာလဲ . .''

'' ဟဲ့ . . မယုံရအောင် ဒီခေတ်ဒီကာလမှာ သွေးရင်းသားရင်းဟုတ်မဟုတ်စစ်လို့ရတဲ့နည်းတွေအများကြီးလေ မေမေလဲစသိသိချင်းတုန်းက ထူပူလန့်ဖြတ်ပြီးပြောမိပြောရာတွေပြောတာကို ခေါင်ဘုန်းရယ် ညာချင်တိုင်းညာလို့ရမလား သူတို့လည်းအအတွေမှမဟုတ်တာ စစ်ဆေးပြီးမှလက်ခံမှာပေါ့ . . နင့်ညီကိုနှမြောတိုင်းမသိတာလဲမဟုတ်ပဲ အပျက်တွေပြောပြီးကန့်လန့်တိုက်မနေနဲ့ . . ''

ဒေါ်ခေါင်ဘုန်းသွယ်ကစိတ်ပင်တိုစပြုလာသော်လည်း ခေါင်ဘုန်းကတော့ငိုင်မြဲ ။ ဘယ်နားကကန့်ကွက်ရမလဲစဉ်းစားနေပုံ ။

''မေမေ့ဘာသာမေမေကောသေချာရဲ့လားဟင် . . သူနဲ့မေမေနဲ့တွေ့ခဲ့တဲ့အချိန်က ခဏလေးလေ ညီမင်းမမွေးခင်ခဏလေးပဲ တူတူနေခဲ့တာကို မတွေ့တော့တာလည်းညီမင်းတစ်သက်ပဲ . . . အဲ့ဒါကို အခုချိန်မှာပြန်မြင်ရတဲ့ဓာတ်ပုံလေးနဲ့ သူပါပဲလို့မေမေသေချာဘယ်လိုသိနိုင်မှာလဲ နည်းနည်းဆင်တူတာကိုမေမေလူမှားတာလဲဖြစ်နိုင်တာပဲကို မေမေရယ် ''

သက်ဆုံးတိုင်||completed||Where stories live. Discover now